Revelation of John 5

စာအုပ်ကို ဖွင့်ဖို့ထိုက်တန်စာ သိုးဆိတ်သျှေ

1ထိုပလ္လင်တော်မာ ထိုင်ရို့ ဟိလီသူ ညာဖက်အလက်မာ စာအုပ်တစ်အုပ် ကိုင်ရို့ဟိစာကို ငါ မြင်လီရေ။ ထိုစာအုပ်အထဲမာပါ-ပြင်မာပါ နှစ်ဖက်စုံက စာရွီးရို့ ဟိလီရေ အရာ တံဆိပ်ခုနစ်ခု ရိုက်ရို့ ဟိလီရေ။ 2ယင်းနောက် တန်ခိုးကြီးစာ ဂေါင်းခင်နတ်သားတစ်ပါး အသံအကြီးန စကားပြောစာကို ကြားလီရေ၊ “ဒေ တံဆိပ်တိကို ခွါရို့ စာအုပ်ကို ဖွင့်ဖို့ ထိုက်တန်သူ ဟိရေလော?”

3ယေကေလည်း ဂေါင်းခင်ဘုံမာ၊ ကမ္ဘာမာ အရာ ကမ္ဘာအောက်မာ ဟိသူရို့အထဲက ထိုစာအုပ်ကို ဖွင့်ကြည့်ဖို့သူ တစ်ယောက်လည်း မဟိလီ။ 4ယင်းခါ ထိုစာအုပ်ကို ဖွင့်ရို့ကြည့်ဖို့ ထိုက်တန်သူ တစ်ယောက်ကိုလည်း ရှာရို့ မရလီရေအတွက်န ငါစာ ကောင်းကောင်း ငိုလီရေ။ 5ယင်းခါ ဂေါင်းဆောင်အကြီးရို့အထဲက တစ်ယောက်စာ ငါ့ကို ပြောလီရေ၊ “မငိုကေ့။ ယုဒအစိုင်က ဆင်းလာစာ ခြင်္သေ့ဖြစ်သူစာ အရာ ဒါဝိဒ်မင်း၏ အမျိုးအနွယ်သား ဖြစ်သူစာ အောင်မြင်ဗျာ။ သူစာ ထိုတံဆိပ်ခုနစ်ခုကို ခွါရို့ စာအုပ်ကို ဖွင့်နိုင်ရေ။”

6ယင်းနောက် အသက်ရှင် သတ္တဝါလေးပါးန ဂေါင်းဆောင်အကြီးရို့အလယ်မာ သိုးဆိတ်သျှေ တစ်ကောင် ရပ်ရို့ ဟိစာကို ငါ မြင်လီရေ။ ထိုသိုးဆိတ်သျှေစာ အသီအသတ်ခံလီစာ သိုးဆိတ်သျှေနတူလီရေ။ ထိုသိုးဆိတ်သျှေမာ အဂြိုခုနစ်ချောင်းန မျက်စိခုနစ်လုံး ဟိလီရေ။ ထိုမျက်စိခုနစ်လုံးစာ လောကမာ ဟိသမျ နေရာတို့ ရွှတ်လိုက်စာ ထာဝရဘုရား၏ ဝိညာဉ်တော်ခုနစ်ပါး ဖြစ်တေ။ 7အရာ ထိုသိုးဆိတ်သျှေစာ လာပြီးကေ ပလ္လင်တော်မာ ထိုင်ရို့ ဟိလီသူ ညာဖက်အလက်က စာအုပ်ကို ယူလီရေ။ 8ယင်းနောက် ထိုသတ္တဝါလေးပါးန ဂေါင်းဆောင်အကြီး နှစ်ဆယ်နလေးပါးစာ ထိုသိုးဆိတ်သျှေရှိက ဒူးထောက်ရို့ ရှိခိုးကတ်လီရေ။ သူရို့ အားကုံးသူ အလက်မာ စောင်းတစ်လုံးစီ အရာ နံသာပေါင်း အပြည့်န ရွှေခွက်တစ်ချပ်စီ ကိုင်ရို့ ဟိလီရေ။ ထိုခွက်မာဟိစာ နံသာပေါင်းတိစာ ထာဝရဘုရား၏ လူရို့ ဆုတောင်းခြင်း ဖြစ်တေ။

9သူရို့စာ ဒေပိုင် တေးခြင်းအသစ်တစ်ပုဒ် ဆိုကတ်လီရေ၊
“ကိုယ်တော် တစ်ပါးတည်းရာ ထိုစာအုပ်ကို ယူရို့
ရိုက်ထားစာ တံဆိပ်တိကို ခွါဖို့ ထိုက်တန်ပါရေ၊
အကြောင်းကား ကိုယ်တော်စာ အသီအသတ်ခံလီပါရေ။
ဟိသမျ အမျိုးအနွယ်၊ ဘာသာစကား၊ လူမျိုး၊ အရာ နိုင်ငံထဲက လူရို့ကို
ကိုယ်တော်၏ သွီးနရာ ထာဝရဘုရားအတွက် ဝယ်လီပါရေ။

10ထိုလူရို့ကို ယူရို့ ကိုယ်တော် နိုင်ငံတစ်ခု တည်ထောင်ပါဗျာ၊
အရာ အကျွန်ရို့မာ ထာဝရဘုရားကို ဝတ်ပြုဖို့အတွက် သူရို့ကို
ယဇ်ပုရောဟိတ် အရာမာ ခန့်ထားပါဗျာ။
သူရို့စာ ကမ္ဘာကို အုပ်ချုပ်ကတ်ဖို့။”

11ယင်းနောက် ငါစာ ကြည့်လီရေ အရာ ဂေါင်းခင်နတ်သား အများကြီး အသံကို ကြားလီရေ။ ထိုဂေါင်းခင်နတ်သားရို့စာ သိန်းသန်းကုဋေကို ချီရို့ ဟိကတ်လီရေ။ သူရို့စာ အလယ်မာဟိစာ ပလ္လင်တော်န အသက်ရှင် သတ္တဝါလေးပါး အရာ ဂေါင်းဆောင်အကြီးရို့ လေးဖက်လက်စီမာ ဝန်းရို့ ဟိကတ်လီရေ။

12ထိုဂေါင်းခင်နတ်သားရို့စာ အားန အော်ရို့ ပြောကတ်လီရေ၊
“အသီအသတ်ခံလီစာ သိုးဆိတ်သျှေစာ
တန်ခိုး၊ ဥစ္စာ၊ ပညာ၊ အားခွန်၊ ရိုသေခြင်း၊ ဘုန်းတန်ခိုး၊
အရာ ချီမွမ်းခြင်းကို ရဖို့ ထိုက်တန်ပါရေ။”

13ယင်းနောက် ဂေါင်းခင်ဘုံမာ၊ ကမ္ဘာမာ၊ ကမ္ဘာအောက်မာ အရာ သမုဒ္ဒရာပင်လယ်ထဲမာ ဟိကတ်စာ ဟိသမျ သတ္တဝါပေါင်းစုံ ဒေပိုင် တေးခြင်းဆိုစာကို ကြားရလီရေ၊
“ပလ္လင်တော်မာ ထိုင်ရို့ ဟိသူမာ အရာ သိုးဆိတ်သျှေမာ
ချီမွမ်းခြင်း၊ ရိုသေခြင်း၊ ဘုန်းတန်ခိုး၊
အရာ တန်ခိုးစာ ထာဝရပတ်လုံး ဟိပါစီ။”

14အရာ ထိုအသက်ရှင် သတ္တဝါလေးပါးစာ၊ “အာမန်” ဟို့ ပြောကတ်လီရေ။ ယင်းနောက် ထိုဂေါင်းဆောင်အကြီးရို့စာ ဒူးထောက်ရို့ ရှိခိုးကတ်လီရေ။
Copyright information for RmzSC