Revelation of John 9

ဘောသုံးတံ မှုတ်ခြင်း

1ယင်းနောက် ပဉ္စမ ဂေါင်းခင်နတ်သားစာ ကိုယ့်ဘောကို မှုတ်ပြီးရေခါ ဂေါင်းခင်ဘုံကနီရို့ ကမ္ဘာတို့ ကြယ်တစ်လုံး ကျလာစာကို ငါ မြင်လီရေ။ အရှူတစ်ရာနက်စာတွင်း အဖုံးကို ဖွင့်စာ သွပွတ်ကို ထိုကြယ်ဘားမာ အပ်ပီးလီရေ။ 2ထိုကြယ်စာ အရှူတစ်ရာနက်စာတွင်း အဖုံးကို ဖွင့်လီရေ။ ယင်းခါ မီးဖေါ်ကြီးက မီးခိုးထွက်စာပိုင်တထန် ယင်းတွင်းက မီးခိုးထွက်လီရေ။ ထိုမီးခိုးအကြောင်းန နီန ဂေါင်းခင်စာ မှိုင်းလားခလီရေ။ 3ယင်းနောက် ထိုမီးခိုးထဲက နှံကောင် အများကြီး ကမ္ဘာတို့ ထွက်လာလီရေ။ အရာ ကမ္ဘာမာဟိစာ ကင်းကဏန်းပိုင် ထိုနှံကောင်တိကို အစွယ်ထိုးဖို့စာ တန်ခိုး ပီးလီရေ။ 4အရာ ကမ္ဘာမာဟိစာ မြက်ပင်တိကို၊ စိမ်းလန်းနီစာတိကို အရာ သစ်ပင်တိကို မညှဉ်းဆဲဘိုင်းန နဖူးဇာမာ ထာဝရဘုရား၏ တံဆိပ်ရိုက်ရို့ မဟိသူရို့ကိုရာ ဘေးအန္တရာယ် ပီးဖို့အတွက် ထိုနှံကောင်တိကို ပြောလီရေ။ 5ထိုလူရို့ အာလုံးသူကို အသီသတ်ဖို့အတွက် ထိုနှံကောင်တိကို တန်ခိုး မပီးလီ၊ ယေကေလည်း ငါးလတိုင်အောင် ညှဉ်းဆဲဖို့အတွက် တန်ခိုး ပီးလီစာ ဖြစ်တေ။ ထိုလူရို့ ခံရစာ ဝေဒနာစာ ကင်းကဏန်း ညှတ်စာ ဝေဒနာနတူရေ။ 6ယင်းခါ လူရို့စာ သီခြင်းတရားကို ရှာကတ်လိမည်၊ ယေကေလည်း သူရို့စာ သီခြင်းတရားကို ရှာရို့ တွိကတ်လိမည် မဟုတ်။ အရာ သူရို့စာ သီချင်ကတ်လိမည်၊ ယေကေလည်း သီခြင်းတရားစာ သူရို့က ထွက်ဗြီးလိမည်။

7ထိုနှံကောင်တိစာ စစ်တိုက်ဖို့ လားဖို့အတွက် အဆင်သင့် လုပ်ထားစာ မြင်းတိနတူလီရေ။ သူရို့ အဂေါင်းတိမာ ရွှေသရဖူပိုင် ဆောင်းရို့ ဟိလီရေ အရာ သူရို့ မျက်နှာတိစာ လူမျက်နှာနတူလီရေ။ 8ယင်းသျှင့်ကိုအပယ် သူရို့မာ ဆံပင်တိစာ မိန်းမရို့ ဆံပင်နတူလီရေ အရာ သူရို့မာ သွားတိစာ ခြင်္သေ့သွားတိနတူလီရေ။ 9သူရို့မာ အင်္ကျီတိစာ စစ်သားရို့ ဝတ်စာ သံအင်္ကျီတိနတူလီရေ။ အရာ သူရို့မာ အတောင်ခပ်သံတိစာ မြင်း အများကြီး စစ်ရထားကို ငင်ရို့ တစ်ပြိုင်တည်း ဗြီးလားစာအသံနတူလီရေ။ 10သူရို့မာ အစွယ်ဟိစာ မတုံးတိစာ ကင်းကဏန်း မတုံးနတူလီရေ။ ငါးလတိုင်အောင် လူရို့ကို ဘေးအန္ဒရာယ် ပီးဖို့စာ တန်ခိုး သူရို့ မတုံးမာ ဟိလီရေ။ 11နှံကောင်တိမာ မင်းတစ်ပါး ဟိလီရေ။ သူစာ အရှူတစ်ရာနက်စာတွင်းထဲမာ နီစာ နတ်သားတစ်ပါး ဖြစ်တေ။ သူ့ကို ဟေဗြဲဘာသာစကားန၊ “အဗဒ္ဒုန်” ဟို့ ခေါ်ရေ အရာ ဂရိဘာသာစကားန၊ “အပေါလျုန်” ဟို့ ခေါ်ရေ။ ယင်းနာမည် အဓိပ္ပါယ်ကား ဖျက်စီးသူ ဖြစ်တေ။ 12ပထမ ဖီးဒုက္ခ ရွန်ဗျာ။ ကြည့်၊ ယင်းနောက် အရာလည်း ဖီးဒုက္ခနှစ်ခု ကျရောက်လိမည်။

ဒုတိယ ဖီးဒုက္ခ ကျရောက်ခြင်း

13ယင်းနောက် ဆဋ္ဌမ ဂေါင်းခင်နတ်သားစာ ကိုယ့် ဘောကို မှုတ်လီရေ။ ယင်းခါ ထာဝရဘုရား၏ ရှိက တည်ရို့ဟိစာ ရွှေယဇ်ပလ္လင် အဂြိုလေးချောင်းအထဲက စကားပြောစာ အသံကို ငါ ကြားလီရေ။ 14ထိုအသံစာ ဆဋ္ဌမ ဂေါင်းခင်နတ်သားကို ပြောလီရေ၊ “ယုဖရတ်တီးချောင်းကမ်းနားမာ ချိုင်ရို့ထားစာ ဂေါင်းခင်နတ်သား လေးပါးကို ဖြီရို့ ရွှတ်လိုက်။” 15ယင်းခါ ထိုဂေါင်းခင်နတ်သား လေးပါးစာ ချိုင်ရို့ထားစာက ရွတ်ကတ်လီရေ။ သူရို့စာ ဒေ နှစ်၊ ဒေ လ၊ ဒေနိ အရာ ဒေ နာရီမာ လူသုံးပုံတစ်ပုံကို အသီသတ်ဘိုက်ဖို့ ရလတ်အောင်အတွက် သူရို့ကို အဆင်သင့် လုပ်ထားလီစာ ဖြစ်တေ။ 16ယင်းနောက် ငါစာ မြင်းစီး စစ်သားရို့ လူဦးရေ စာရင်းရွီစာ အသံကို ကြားလီရေ။ သူရို့မာ လူဦးရေ ကုဋေပေါင်းနှစ်ဆယ် ဟိလီရေ။

17ကိုယ်ထင်ထဲမာ ငါ မြင်လီစာ မြင်းတိန မြင်းစီးစာ စစ်သားရို့စာ ဒေပိုင်၊ သူရို့မာ သံအင်္ကျီတိစာ မီးပိုင် အနီရောင်၊ အာဂါရောင်၊ အရာ ကန့်ကျောက်ပိုင် အဝါရောင် ဟိလီရေ။ ထိုမြင်းတိမာ အဂေါင်းတိစာ ခြင်္သေ့အဂေါင်းနတူလီရေ အရာ ထိုမြင်းတိပစက မီး၊ မီးခိုး အရာ ကန့်ကျောက် ထွက်နီလီရေ။ 18မီး၊ မီးခိုး အရာ ကန့်ကျောက် ယင်းသုံးခု ဘေးအန္တရာယ် ပီးရေအတွက်န လူသုံးပုံတစ်ပုံ သီလားခလီရေ။ 19သူရို့မာ ပစန မတုံးတိမာ အဆိပ် ဟိလီရေ၊ အကြောင်းကား သူရို့ မတုံးတိအဖျားမာ မြိန်အဂေါင်း ဟိလီရေ။ သူရို့စာ မတုံးတိန လူရို့ကို ဘေးအန္တရာယ် ပီးလီရေ။

20ထိုဘေးအန္တရာယ်ကို ခံရကတ်ကေလည်း မသီဘိုင်းန ကျန်ဟိလိုက်သူရို့စာ ကိုယ်ရို့အလက်န လုပ်စာ ရုပ်တုတိကို စွန့်ရို့ မလာကတ်လီ။ သူရို့စာ နတ်ဆိုးတိကို၊ ရွှေရုပ်တုကို၊ ငွေရုပ်တုကို၊ ကြီးနီရုပ်တုကို၊ ကျောက်ရုပ်တုကို အရာ သစ်ပင်ရုပ်တုကို ကိုးကွယ်ရို့ နီလီကတ်တေ။ ထိုရုပ်တုတိစာ မျက်စိ ဟိရို့ မမြင်ရကတ်၊ နား ဟိရို့ မကြားရကတ်၊ အခြီ ဟိရို့ လားဖို့ မတတ်ကတ်။ 21ယင်းသျှင့်ကိုအပယ် သူရို့စာ လူအသက်ကို သတ်ခြင်း၊ မှိုင်းပြခြင်း၊ ကာမဂုဏ်ကို လိုက်စားခြင်း၊ အရာ ခိုးခြင်းတိကလည်း စိတ်လှည့်ရို့ မလာကတ်လီ။
Copyright information for RmzSC