Romans 13

အုပ်ချုပ်သူရို့ အာဏာကို လိုက်နာရဖို့

1တိုင်းသူပြည်သား အားကုံးသူ အုပ်ချုပ်သူရို့ အာဏာကို လိုက်နာကတ်၊ အကြောင်းကား အုပ်ချုပ်သူအဖြစ် ထာဝရဘုရား၏ ရွီးကောက်ခြင်းကို ခံရသူတစ်ပါးတည်းရာ အုပ်ချုပ်သူ ဖြစ်နိုင်ရေ။ ထာဝရဘုရားရာ အုပ်ချုပ်သူရို့ကို ခန့်ထားလီရေ။ 2ယင်းအတွက်န အုပ်ချုပ်သူရို့ကို ဆန့်ကျင်သူရို့စာ ထာဝရဘုရား၏ ပညှတ်ချက်ကို ဆန့်ကျင်ကတ်တေ။ ဒေပိုင် ဆန့်ကျင်သူရို့စာ အပြစ်ဒါဏ်ကို ခံရကတ်လိမည်။ 3ကောင်းမြတ်စာ အလုပ်ကို လုပ်သူရို့စာ အုပ်ချုပ်သူရို့ကို ကြောက်ဖို့ အလိုမဟိ၊ ယေကေလည်း ဆိုးယုတ်စာ အလုပ်ကို လုပ်သူရို့ရာ ကြောက်ဖို့ အလိုဟိကတ်တေ။ အုပ်ချုပ်သူရို့ကို မကြောက်ဘိုင်းန နင်ရို့ နီထိုင်ဖို့ လိုကတ်တေဆိုကေ ကောင်းမြတ်စာ အလုပ်ကို လုပ်နီကတ်။ ယင်းပိုင်ဆိုကေ နင်ရို့စာ အုပ်ချုပ်သူရို့က ချီမွမ်းခြင်းကို ခံရကတ်လိမည်။ 4ထိုအုပ်ချုပ်သူရို့စာ နင်ရို့ ကောင်းကျိုးရေးအတွက် ထာဝရဘုရား၏ ပြုဇုသူအဖြစ် ခန့်ထားခြင်းကို ခံရကတ်တေ။ နင်ရို့စာ ဆိုးယုတ်စာ အလုပ်တိကို လုပ်နီကတ်တေဆိုကေ နင်ရို့အတွက် ကြောက်လန့်စရာ ဟိရေ၊ အကြောင်းကား ဆိုးယုတ်စာ အလုပ်ကို လုပ်သူရို့ကို အပြစ်ဒါဏ် ပီးဖို့စာ အခွင့်အာဏာ သူရို့မာ ဟိရေ။ သူရို့စာ ထာဝရဘုရား၏ ပြုဇုသူအနေန မတရားလုပ်သူရို့ကို အပြစ်ဒါဏ် ပီးကတ်တေ။ 5ယင်းအတွက်န နင်ရို့ သူရို့ အုပ်ချုပ်ခြင်းကို ခံယူကတ်။ ယေကေလည်း သက်သက် ထာဝရဘုရားကို ကြောက်ရို့ သူရို့ အုပ်ချုပ်ခြင်းကို ခံယူကတ်ဖို့စာ မဟုတ်သိ။ ယင်းထက်ပင် နင်ရို့မာ အသိညာဏ်ကို သသန့်ရှရှင်း ထားဖို့အတွက်လည်း ခံယူကတ်ရဖို့။

6အရာ ယင်းအတွက်နရာ နင်ရို့ ဖန်ဒါပီးနီကတ်တေ၊ အကြောင်းကား ဖန်ဒါကောက်သမားရို့စာ သူရို့မာ အလုပ်ကနီရို့ ထာဝရဘုရား၏ ဝတ်ကို ပြုနီကတ်တေ။ 7ဟိသမျ အားကုံးသူကို ခံထိုက်တေအတိုင်း ပီးကတ်။ အစိုးရ ဖန်ဒါကောက်သမားရို့ကို ဟိသမျ ဖန်ဒါပေါင်းမျိုးစုံ ပီးကတ်၊ အားနာဖို့ ထိုက်တန်သူကို အားနာကတ် အရာ ရိုသေဖို့ ထိုက်တန်သူကို ရိုသေကတ်။

8နင်ရို့ ချစ်ခြင်းမေတ္တာ တစ်ခုတည်းကိုရာ လူရို့ကို ပီးဆပ်ရဖို့။ အခြားတစ်ယောက်ကို ချစ်သူရို့စာ မောရှေ၏ ပညှတ်တရားကို ပြည့်စုံအောင် လုပ်တေ။ 9ကျမ်းစာမာ ပညှတ်ထားရေ၊ “ကာမဂုဏ် မလိုက်စားရ၊ လူအသက်ကို မသတ်ရ၊ မခိုးရ အရာ လောဖ မတတ်ရ။” ဟိသမျ ပညှတ်ချက်တိကို ပေါင်းရို့ တစ်ခွန်းတည်း ပြောထားရေ၊ “နင့် အိမ်နားပါးသားကို ကိုယ့်ကိုပိုင် ချစ်ရဖို့။” 10လူတစ်ယောက်မာ ချစ်ခြင်းမေတ္တာ ဟိရေဆိုကေ အခြားတစ်ယောက်ကို မဖျက်စီး။ ယင်းပိုင်ဆိုကေ မြင်ရစာကား၊ ချစ်ခြင်းမေတ္တာကနီရို့ ဟိသမျ ပညှတ်တရားကို လိုက်နာနိုင်ရေ။

11လူကို ချစ်ရဖို့စာ ကောင်းကောင်း အရေးကြီးရေ၊ အကြောင်းကား အချိန်ကာလ ကုန်ဖို့ပါးနီဗျာ။ နင်ရို့ အိပ်မောကျနီစာက ထဖို့အချိန် ရောက်နီဗျာ၊ အကြောင်းကား ငါရို့ ကျုံလီကတ်စာ အချိန်ထက်ပင် ဒေဂု ကယ်တင်ခြင်းကို ရဖို့စာအချိန် အရာလည်း အပါးမာ ရောက်နီဗျာ။ 12ညဉ့်အချိန် ကုန်လာဗျာ၊ မိုးလင်းဖို့ ပါးလာဗျာ။ ယင်းအတွက်န လာကတ်ဖိ၊ ငါရို့ အမိုက်မှောင်မာ လုပ်နီကတ်စာ အလုပ်တိကို ဖြုတ်ဘိုက်ခရို့ အလင်းမာ စစ်တိုက်ဖို့အတွက် လက်နှက်တိကို ကောက်ယူကတ်မည်။ 13အရာ အလင်းမာ နီထိုင်သူရို့ပိုင် ငါရို့လည်း လှပတင့်တယ်စာ အကျင့်သီလန နီထိုင်ကတ်မည်။ သောက်ရို့စားရို့ ပျော်ခြင်း၊ ယစ်မုန်းခြင်း၊ ကာမဂုဏ်ကို လိုက်စားခြင်း၊ ညစ်ညူးခြင်း၊ ရန်တွိခြင်း အရာ မနာလိုခြင်းစိတ်န နီထိုင်ကတ်ဖို့စာ မဟုတ်။ 14ယင်းထက်ပင် အသျှင်ယေရှုခရစ်တော်၏ စဉ်းစားချက်န အကျင့်ကို နင်ရို့ ဝတ်ဘိုက်လိုက်ကတ်။ အရာ နင်ရို့ ကိုယ်ခန္ဓာမာ အပြစ်အကျင့်တိကို ပြည့်စုံအောင် လုပ်ဖို့အတွက် စိတ်မဝင်စားကတ်ကေ့။
Copyright information for RmzSC