Romans 14

ကျုံသူညီအစ်ကိုမောင်နမှကို တရားမစစ်ဆေးဖို့စာ အကြောင်း

1ကျုံခြင်းတရား အားနည်းသူကို လက်ခံကတ်။ သူ့ထင်မှတ်ချက်ကို ယူရို့ အငြင်းအခုံ မလုပ်ကတ်ကေ့။ 2ကိုင်လိုက်ဖိ၊ ကျုံခြင်းတရား ခိုင်မာသူတစ်ယောက်စာ ဟိသမျ အားကုံးကို စားနိုင်ရေ ဟို့ မှတ်တေ၊ ယေကေလည်း ကျုံခြင်းတရား အားနည်းသူစာ သက်သက် ဟင်းသီးဟင်းရွက်ကိုရာ စားရေ။ 3ဟိသမျ အားကုံးကို စားသူစာ သက်သက် ဟင်းသီးဟင်းရွက်ကို စားသူကို အားမနာ မလုပ်ရ။ အရာ ဟင်းသီးဟင်းရွက်ကို စားသူစာ ဟိသမျ အားကုံးကို စားသူကို အပြစ်မတင်ရ၊ အကြောင်းကား ထာဝရဘုရားစာ သူရို့နှစ်ယောက်စုံကို လက်ခံဗျာ။ 4အခြားတစ်ယောက် ကျွန်ကို တရားစစ်ဆေးလတ်အောင် နင် အသူလည်း? သူလုပ်စာ အလုပ်တိ အောင်မြင်ရေပင် ဖြစ်စီ၊ မအောင်မြင်ရေပင် ဖြစ်စီ၊ သူ့အပိုင်သျှင် သူ့ကို တရားစစ်ဆေးလိမည်။ သူစာ ထာဝရဘုရား၏ ကူညီခြင်းန အောင်မြင်လိမည် အရာ သူ၏ နှစ်သက်ခြင်းကို ခံရလိမည်။

5ငါ အရာတစ်ခု ပုံဥပမာ တင်ပြမည်။ တစ်ယောက်တစ်ရီအတွက် နိရက်တစ်ရက်စာ အခြား နိရက်တိထက် ပိုရို့ သန့်ရှင်းစာ နိရက် ဖြစ်နိုင်ရေ။ အရာ တစ်ယောက်တစ်ရီအတွက် ဟိသမျ နိရက် တစ်ညီတည်း ဖြစ်နိုင်ရေ။ ဒေ အကြောင်းနပတ်သပ်ရို့ အသူ ဇာ မှတ်ဖို့လည်းဆိုစာကို ကိုယ်ရို့စိတ်ထဲက ဆုံးဖြတ်ကတ်။ 6နိရက်တစ်ရက်ကို သန့်ရှင်းရေ ဟို့ မှတ်ရို့ ကျင့်ပသူစာ ထာဝရဘုရားကို ရိုသေဖို့အတွက် ကျင့်ပရေ။ အရာ ဟိသမျ အားကုံးကို စားသူစာ အသျှင်ကို နှစ်သက်အောင် လုပ်ဖို့အတွက် စားရေ၊ အကြောင်းကား သူစာ ထာဝရဘုရားကို ကျေးဇူးတင်ရို့ စားရေ။ အရာ ဟိသမျ အားကုံးကို ရှောင်သူစာ အသျှင်ကို နှစ်သက်အောင် လုပ်ဖို့အတွက် ရှောင်ရေ အရာ သူလည်းသောက် ထာဝရဘုရားကို ကျေးဇူးတင်ရေ။ 7ငါရို့အထဲမာ တစ်ယောက်လည်း ကိုယ့်အတွက် အသက်မရှင်ကတ် အရာ တစ်ယောက်လည်း ကိုယ့်အတွက် မသီကတ်။ 8ငါရို့ အသက်ရှင်ကတ်တေဆိုကေ အသျှင်အတွက် ရှင်ကတ်စာ ဖြစ်တေ အရာ ငါရို့ သီကတ်တေဆိုကေ အသျှင်အတွက် သီကတ်စာ ဖြစ်တေ။ ယင်းအတွက်န ငါရို့ အသက်ရှင်ရေပင် ဖြစ်စီ၊ သီရေပင် ဖြစ်စီ၊ ငါရို့စာ အသျှင်၏ လူဖြစ်ကတ်တေ။ 9အကြောင်းကား ခရစ်တော်စာ သီသူရို့န အသက်အရှင်ဟိသူရို့မာ အသျှင် ဖြစ်နိုင်လတ်အောင် အသီခံရို့ သီရာက ပြန်ရှင်ထမြောင့်လီရေ။

10ယင်းပိုင်ဆိုကေ နင် ဇာဖို့ ကိုယ့်ညီအစ်ကိုမောင်နမှကို တရားစစ်ဆေးစာလည်း? အရာ ဇာဖို့ နင့် ညီအစ်ကိုမောင်နမှကို အားမနာ လုပ်စာလည်း? အကြောင်းကား ငါရို့ အားကုံးသူ တရားစစ်ဆေးခြင်းကို ခံရဖို့အတွက် ထာဝရဘုရား၏ တရားပလ္လင်တော် ရှိက ရပ်ကတ်ရဖို့။ 11ကျမ်းစာမာ ရွီးရို့ ဟိရေ၊
“အသျှင် ပြောလီရေ၊ ‘ငါ အသက်သျှင် ထာဝရဘုရားအနေန ပြောရေ၊
ဟိသမျ လူရို့စာ ငါ့ရှိက ဒူးထောက်ကတ်လိမည်၊
အရာ ငါ့ကို ထာဝရဘုရား ဟို့ ဝန်ခံကတ်လိမည်။’”

12ယင်းအတွက်န ငါရို့ အားကုံးသူ ကိုယ့်အကြောင်းကို ထာဝရဘုရားဘားမာ ရှင်းပြဖို့ ကျကတ်ဖို့။

အခြားတစ်ယောက်ကို အပြစ်လမ်းတို့ ဆောင်ယူခြင်း

13ယင်းအတွက်န ငါရို့ ဒေဂုကပင် စရို့ တစ်ယောက်ကို တစ်ယောက် တရားမစစ်ဆေးဗျာ။ ယင်းထက်ပင် ငါရို့မာ ညီအစ်ကိုမောင်နမှရို့ ခလုံးတိုက်ရို့ လဲကျစရာ မဟုတ်ကေ မှားယွင်းစရာ အလုပ်တစ်ခုကိုလည်း မလုပ်ပျာ ဟို့ ငါရို့ ဆုံးဖြတ်ကတ်မည်။ 14အသျှင်ယေရှုန တစ်ကိုယ်တည်း ဖြစ်ခြင်းကနီရို့ ငါ အတိကျ သိရစာကား၊ တစ်ခု အစားအစာလည်း မစင်ကြယ်စာ မဟိ၊ ယေကေလည်း အသူမဆိုတစ်ယောက် ဇာ အစားအစာကိုပင်မဆို မစင်ကြယ် ဟို့ မှတ်တေဆိုကေ ထိုအစားအစာစာ သူ့ဘားမာ မစင်ကြယ် ဖြစ်တေ။ 15နင့် အစားအစာ အကြောင်းန နင့် ညီအစ်ကိုမောင်နမှ စိတ်ဒုက္ခ ရရေဆိုကေ နင်စာ သူ့ကို ချစ်ခြင်းမေတ္တာ မထား။ နင့် အစားအစာ အကြောင်းန နင့် ညီအစ်ကိုမောင်နမှကို မဖျက်စီးကေ့၊ အကြောင်းကား ခရစ်တော်စာ သူ့အတွက် အသီခံလီရေ။ 16ယင်းအတွက်န နင်ရို့ ကောင်းရေ ဟို့ မှတ်ကတ်စာ အကြောင်းအရာကို အခြားတစ်ယောက်အတွက် ပုတ်ခတ်ရို့ စကားပြောစရာအကြောင်း မဖြစ်စီကတ်ကေ့။ 17အကြောင်းကား ဇာ စားသောက်ဖို့ ဇာ မစားသောက်ဆိုစာ ထာဝရဘုရား၏ နိုင်ငံတော်မာ အဓိက အကြောင်းအရာ မဟုတ်။ ယေကေလည်း သန့်ရှင်းသောဝိညာဉ်တော်ကနီရို့ လာစာ ရိုးသားခြင်း၊ ငြိမ်းချမ်းခြင်း အရာ ဝမ်းသာခြင်းရာ ထာဝရဘုရား၏ နိုင်ငံတော်မာ အဓိက အကြောင်းအရာ ဖြစ်တေ။ 18ထိုစိတ်သဖေါန ခရစ်တော်ကို ဝတ်ပြုသူစာ ထာဝရဘုရား၏ နှစ်သက်ခြင်းကို ခံရရေ အရာ လူရို့လည်း သူ့ကို သဖေါကျကတ်တေ။ 19ယင်းအတွက်န လာကတ်၊ သသင့်တတင် နီထိုင်ဖို့စာန တစ်ယောက်ကို တစ်ယောက် ကျုံခြင်းတရား ခိုင်မာအောင် လုပ်ဖို့အတွက် ငါရို့ ကြိုးစားကတ်မည်။

20ဇာမဆိုတစ်ခု အစားအစာအကြောင်းန နင်ရို့ ထာဝရဘုရား၏ အလုပ်ကို မဖျက်စီးကတ်ကေ့။ အကြောင်းကား ဟိသမျ အစားအစာ စားဖို့ ထိုက်တန်ကေလည်း အသူမဆိုတစ်ယောက် တစ်ခုမသာ စားသောက်ခြင်းအကြောင်းန အခြားတစ်ယောက် အပြစ်မာ ကျရေဆိုကေ ထိုစားသောက်သူမာ အပြစ်သင့်ရေ။ 21ဟင်းသားစားခြင်း၊ စပျစ်ရည်သောက်ခြင်း အရာ အခြားအလုပ်ကို လုပ်ခြင်းကနီရို့ နင့် ညီအစ်ကိုမောင်နမှ အပြစ်မာ ကျလားခရေဆိုကေ နင့်မာ တစ်ခုလည်း လုပ်ဖို့ မသင့်။ 22ဒေ အကြောင်းနပတ်သပ်ရို့ နင် ကောင်းမြတ်တေ ဟို့ မှတ်စာတိစာ နင်န ထာဝရဘုရားနရာ ဆိုင်ရေ။ ကောင်းမြတ်တေ ဟို့ မှတ်ရို့ ဇာမဆိုတစ်ခု လုပ်တေခါ အခြားတစ်ယောက် အသိညာဏ်ကို အနာ မပီးသူစာ မင်္ဂလာ ဟိရေ။ 23ယေကေလည်း အသူမဆို မယုံသင်္ခါစိတ်န ဇာမဆိုတစ်ခုကို စားသောက်တေဆိုကေ ယင်းသူမာ အပြစ်သင့်ရေ၊ အကြောင်းကား သူစာ ကိုယ့်ကျုံခြင်းတရားအတိုင်း အလုပ် မလုပ်။ လူတစ်ယောက်စာ အလုပ်တစ်ခုကို လုပ်ဖို့ မသင့် ဟို့ ကျုံရို့ပင်လည်း ထိုအလုပ်ကို လုပ်တေဆိုကေ ယင်းသူမာ အပြစ်သင့်ရေ။
Copyright information for RmzSC