Romans 8

သန့်ရှင်းသောဝိညာဉ်တော်ကနီရို့ အသက်ရှင်ခြင်း

1ယင်းအတွက်န ထာဝရဘုရားစာ ခရစ်တော်ယေရှု၏ လူဖြစ်သူရို့ကို အပြစ်သေ ဟို့ မသတ်မှတ်ပျာ၊ 2အကြောင်းကား အသက်ပီးနိုင်စာ သန့်ရှင်းသောဝိညာဉ်တော်၏ တရားတော်စာ ငါရို့ကို လွတ်မြောင့်ခြင်း ပီးလီရေ။ ထိုတရားတော်စာ ခရစ်တော်ယေရှုကနီရို့ အပြစ်န သီခြင်းတရားအထဲက ငါရို့ကို လွတ်မြောင့်ခြင်း ပီးလီရေ။ 3မောရှေ၏ ပညှတ်တရားစာ ငါရို့ကို ကယ်တင်ဖို့ မနိုင်လီ၊ အကြောင်းကား ငါရို့မာ ဇာတိပကတိ အကြောင်းန ပညှတ်တရားစာ အားနည်းရို့ ဟိလီရေ။ ယင်းအတွက်န ပညှတ်တရား မလုပ်နိုင်စာ အလုပ်တိကို ထာဝရဘုရား ကိုယ်တိုင် လုပ်လီရေ။ ထာဝရဘုရားစာ လူရို့ အပြစ်ကို ဖျက်စီးဖို့အတွက် ကိုယ့်မာ အပြစ်နကင်းစာ သားတော်ကို လူ့ဇာတိအဖြစ် ဒေ လောကတို့ ရွှတ်လိုက်လီရေ။ အရာ ထိုသားတော်၏ သီခြင်းကနီရို့ အပြစ်ကို တရားစစ်ဆေးရို့ အပြစ်၏ တန်ခိုးကို ဖျက်စီးလီရေ။ 4ထာဝရဘုရား ယင်းပိုင် လုပ်လီစာ အကြောင်းကား ပညှတ်တရား၏ ကောင်းမြတ်စာ တောင်းဆိုချက်တိကို ငါရို့အတွက် ပြည့်စုံနိုင်အောင် ဖြစ်တေ။ ယင်းအတွက်န ငါရို့စာ ဇာတိပကတိ၏ အလိုကို မလိုက်ဘိုင်းန သန့်ရှင်းသောဝိညာဉ်တော်၏ အလိုကို လိုက်နီကတ်တေ။

5ဇာတိပကတိ အုပ်ချုပ်ခြင်းအောက်မာ နီထိုင်သူရို့စာ ဇာတိပကတိ လိုအပ်ချက်ကို စိတ်ဝင်စားကတ်တေ။ အရာ သန့်ရှင်းသောဝိညာဉ်တော်၏ အုပ်ချုပ်ခြင်းအောက်မာ နီထိုင်သူရို့စာ သန့်ရှင်းသောဝိညာဉ်တော် လိုအပ်ချက်ကို စိတ်ဝင်စားကတ်တေ။ 6ဇာတိပကတိ၏ တောင်းဆိုချက်တိကို စိတ်ဝင်စားခြင်း အကျိုးစာ သီခြင်းတရား ဖြစ်တေ။ ယေကေလည်း သန့်ရှင်းသောဝိညာဉ်တော်၏ တောင်းဆိုချက်တိကို စိတ်ဝင်စားခြင်း အကျိုးစာ အသက်ရှင်ခြင်းန ငြိမ်းချမ်းခြင်း ဖြစ်တေ။ 7ဇာတိပကတိ၏ လိုအပ်ချက်ကို စိတ်ဝင်စားသူစာ ထာဝရဘုရား၏ ရန်သူ ဖြစ်တေ၊ အကြောင်းကား သူစာ ထာဝရဘုရား၏ ပညှတ်တရားကို မလိုက်နာချင် အရာ လိုက်နာဖို့လည်း မနိုင်။ 8ယင်းအတွက်န ဇာတိပကတိ၏ အုပ်ချုပ်ခြင်းအောက်မာ နီထိုင်သူရို့စာ ထာဝရဘုရားကို နှစ်သက်အောင် မလုပ်နိုင်။

9ယေကေလည်း ထာဝရဘုရား၏ ဝိညာဉ်တော် နင်ရို့ စိတ်နှလုံးမာ ကျိန်းဝပ်တေဆိုကေ နင်ရို့စာ ဇာတိပကတိ၏ အုပ်ချုပ်ခြင်းအောက်မာ မဟိကတ်ပျာ။ ယင်းထက်ပင် နင်ရို့စာ သန့်ရှင်းသောဝိညာဉ်တော်၏ အုပ်ချုပ်ခြင်းအောက်မာ ဟိကတ်ပျာ။ ယေကေလည်း ခရစ်တော်၏ ဝိညာဉ်ကို မရသူစာ ခရစ်တော်၏ လူမဟုတ်။ 10နင်ရို့မာ ကိုယ်ခန္ဓာစာ နင်ရို့ အပြစ် အကြောင်းန သီရို့ ဟိရေ။ ယေကေလည်း နင်ရို့ စိတ်နှလုံးမာ ခရစ်တော် ကျိန်းဝပ်နီရေဆိုကေ နင်ရို့မာ ဝိညာဉ်စာ အသက်ရှင်နီရေ၊ အကြောင်းကား ထာဝရဘုရား နင်ရို့ကို သူတော်ကောင်းအဖြစ် လက်ခံဗျာ။ 11ထာဝရဘုရားစာ ယေရှုကို သီရာက ပြန်ရှင်ထမြောင့်စီလီရေ။ ထာဝရဘုရား၏ ဝိညာဉ်တော် နင်ရို့ စိတ်နှလုံးမာ ကျိန်းဝပ်တေဆိုကေ ထာဝရဘုရားစာ ကိုယ့်ဝိညာဉ်တော်ကနီရို့ နင်ရို့မာ သင်္ခါရ ခန္ဓာကိုလည်း အသက်ရှင်စီလိမည်။

12ညီအစ်ကိုမောင်နမှရို့၊ ယင်းအတွက်န ငါရို့စာ အကြွီးသေ ဖြစ်ကတ်တေ၊ ယေကေလည်း ထိုအကြွီးစာ ဇာတိပကတိကို ဆပ်ရဖို့စာ အကြွီး မဟုတ်။ ယင်းအဓိပ္ပါယ်ကား ငါရို့မာ ဇာတိပကတိ၏ အလိုကို လိုက်ဖို့ မလိုဗျာ။ 13နင်ရို့စာ ဇာတိပကတိ၏ အလိုကို လိုက်တေဆိုကေ နင်ရို့ ထာဝရပတ်လုံး သီရကတ်လိမည်။ ယေကေလည်း နင်ရို့ ခန္ဓာမာ ဟိသမျ ဆိုးယုတ်စာ အကျင့်သီလတိကို သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးန ဖျက်စီးဘိုက်လိုက်တေဆိုကေ နင်ရို့ ထာဝရပတ်လုံး အသက်ရှင်ကတ်လိမည်၊ 14အကြောင်းကား ထာဝရဘုရား၏ ဝိညာဉ်တော် ဆောင်ယူခြင်းကို ခံရသူရို့ရာ ထာဝရဘုရား၏ သားသမီး ဖြစ်ကတ်တေ။ 15နင်ရို့ကား ကျွန်၏ စိတ်သဖေါကို မရလီကတ်။ ယင်းအတွက်န နင်ရို့ ကြောက်ဖို့ အလိုမဟိ။ ယေကေလည်း နင်ရို့စာ ထာဝရဘုရား၏ ဝိညာဉ်တော်ကို ရကတ်လီရေ။ ယင်းအတွက်န နင်ရို့စာ ထာဝရဘုရား၏ သားသမီး ဖြစ်ဖို့စာ အခွင့်ကို ရကတ်ပျာ။ အရာ ငါရို့ ဒေဂု ထာဝရဘုရားကို အာဗ္ဗာ ဟို့ ခေါ်ကတ်တေ။ ယင်းအဓိပ္ပါယ်ကား အဖ ဟို့ ခေါ်ကတ်တေ။ 16ငါရို့ ထာဝရဘုရား၏ သားသမီး ဖြစ်ကတ်တေဆိုစာကို သန့်ရှင်းသောဝိညာဉ်တော် ကိုယ်တိုင်လည်း ငါရို့ စိတ်နှလုံးမာ သက်သီပီးနီရေ။ 17ငါရို့စာ ထာဝရဘုရား၏ သားသမီး ဖြစ်ကတ်တေဆိုကေ ကိုယ့်သားသမီးရို့ကို ထာဝရဘုရား ပီးဖို့ခံထားစာ ဘုန်းတန်ခိုးကို ငါရို့ ရကတ်ဖို့။ ခရစ်တော်စာ ထိုဘုန်းတန်ခိုးကို ထာဝရဘုရားက ရဖို့ အရာ ငါရို့လည်း ခရစ်တော်နအတူ ထိုဘုန်းတန်ခိုးကို ရကတ်ဖို့၊ အကြောင်းကား ငါရို့စာ ခရစ်တော်နအတူ ဒုက္ခ-ဝေဒနာကို ခံရကတ်တေဆိုကေ သူနအတူ ဘုန်းတန်ခိုးကိုလည်း ရကတ်ဖို့။

နောက်အနာဂါတ်မာ ငါရို့ ရဖို့စာ ဘုန်းတန်ခိုး

18ငါရို့ ဒေဂု ခံရကတ်စာ ဒုက္ခ-ဝေဒနာတိကို နောက်အနာဂါတ်မာ ငါရို့ ရကတ်ဖို့စာ ဘုန်းတန်ခိုးန နှိုင်းယှဉ်ရို့ မရဆိုစာကို ငါ သိရေ။ 19ထိုဘုန်းတန်ခိုးနအတူ ထာဝရဘုရား၏ သားသမီးရို့ ဇာခါ ပေါ်ထွန်းလာဖို့လည်းဆိုစာကို ဖန်ဆင်းခြင်းကို ခံရစာ ဟိသမျ အားကုံး အောက်မိခြင်းစိတ်န စောင့်နီကတ်တေ၊ 20အကြောင်းကား ဖန်ဆင်းခြင်း၏ ရွယ်မှတ်ချက်စာ အောင်မြင်ခြင်းမဟိ ဖြစ်လားခဗျာ။ ယေကေလည်း ကိုယ့်အလိုအတိုင်း အောင်မြင်ခြင်းမဟိ ဖြစ်လားခလီစာ မဟုတ်။ ထာဝရဘုရား ကိုယ်တိုင် ထို ဟိသမျ အားကုံးကို အောင်မြင်ခြင်းမဟိစာအလက်မာ တင်အပ်လိုက်လီစာ ဖြစ်တေ။ 21ယေကေလည်း ထာဝရဘုရားစာ အောင်မြင်ခြင်းမဟိစာနအတူ ဖန်ဆင်းခံရသူရို့ကို မျှော်လင်းချက်တစ်ခုလည်း ပီးလီရေ။ ထိုမျှော်လင်းချက်စာ ဒေပိုင်၊ တစ်ရက်နိ ထိုဖန်ဆင်းခြင်းကို ခံရစာ ဟိသမျ အားကုံး ပျက်စီးခြင်း၏ ချိုင်နှောင်ခြင်းက ရွတ်ကတ်ဖို့၊ အရာ ထာဝရဘုရား၏ သားသမီးရို့နအတူ ဘုန်းတန်ခိုး၏ လွတ်လပ်ခြင်းကို ခံရကတ်ဖို့။ 22မိန်းမတစ်ယောက် သားမွီးဖွားဖို့ အဝမ်းနာရို့ ကြိုင်းစာပိုင် ဖန်ဆင်းခြင်းကို ခံရစာ ဟိသမျ အားကုံး ဒေဂု တိုင်အောင် ဝေဒနာကို ခံရနီကတ်တေဆိုစာကို ငါရို့ သိရေ။ 23သက်သက် ယင်းပိုင် မဟုတ်သိ၊ ယင်းထက်ပင် နောက်အနာဂါတ်မာ ရကတ်ဖို့စာ ဘုန်းတန်ခိုး၏ ပထမ အသီးအဖြစ် သန့်ရှင်းသောဝိညာဉ်တော်ကို ရရို့လည်း ငါရို့ ကိုယ်တိုင် တစ်ချက်တည်း ဝေဒနာကို ခံရနီကတ်တေ။ အကြောင်းကား ငါရို့ကို ထာဝရဘုရား၏ သားသမီးအဖြစ် ဖေါ်ပြဖို့စာ နိရက်အတွက် ငါရို့ စောင့်နီကတ်တေ။ ယင်းအဓိပ္ပါယ် ဖြစ်တေကား၊ ငါရို့မာ ကိုယ်ခန္ဓာကို ပျက်စီးခြင်းက ကယ်တင်ဖို့စာ နိရက်အတွက် ငါရို့ စောင့်နီကတ်တေ၊ 24အကြောင်းကား ငါရို့စာ ကယ်တင်ခြင်းကို ရရို့ ငါရို့မာ ထိုမျှော်လင်းချက်ကို ရကတ်ပျာ။ ငါရို့ မျှော်လင်းနီကတ်စာ အကြောင်းအရာကို ရလားခဗျာဆိုကေ ငါရို့မာ မျှော်လင်းစရာ တစ်ခုလည်း မဟိလိုက်ပျာ။ ရလားခစာ အကြောင်းအရာအတွက် အသူ မျှော်လင်းနီရေလည်း? 25ယေကေလည်း ငါရို့ မရသိစာ အကြောင်းအရာအတွက် ငါရို့မာ မျှော်လင်းစရာ ဟိရေဆိုကေ ထိုအကြောင်းအရာကို ငါရို့ စိတ်ရှည်သည်းခံခြင်းန စောင့်နီကတ်တေ။

26ယင်းသျှင့်ကိုအပယ် သန့်ရှင်းသောဝိညာဉ်တော်စာ ငါရို့ အားနည်းချက်တိမာ ကူညီမစားရေ။ ဇာပိုင် ဆုတောင်းဖို့လည်းဆိုစာကို ငါရို့ မသိ၊ ယေကေလည်း လူစကားန ဖေါ်ပြဖို့ မရစာ ကြိုင်းစာအသံန သန့်ရှင်းသောဝိညာဉ်တော် ကိုယ်တိုင် ငါရို့အတွက် ထာဝရဘုရားဘားမာ တောင်းဆိုရေ။ 27လူရို့ စိတ်နှလုံးမာ ဇာ ဟိရေလည်းဆိုစာကို ထာဝရဘုရား ရှာကြည့်ရေ။ သူစာ သန့်ရှင်းသောဝိညာဉ်တော်၏ စဉ်းစားချက်ကို သိရေ၊ အကြောင်းကား သန့်ရှင်းသောဝိညာဉ်တော်စာ ထာဝရဘုရား၏ အလိုတော်အတိုင်း လူရို့အတွက် ထာဝရဘုရားဘားမာ တောင်းဆိုရေ။

28ငါရို့ သိရေ၊ ထာဝရဘုရားကို ချစ်သူရို့ကို အရာ ထာဝရဘုရား၏ ရွယ်မှတ်ချက်အတိုင်း ခေါ်ခြင်းကို ခံရသူရို့ကို ဟိသမျ အကြောင်းအရာမာ ထာဝရဘုရား ကောင်းကျိုးရေး ပီးရေ။ 29ထာဝရဘုရားစာ ကိုယ့်သားတော်ကို ဟိသမျ ကျုံသူညီအစ်ကိုမောင်နမှရို့အထဲမာ အကြီးဆုံး ဖြစ်စီချင်လီရေ။ ယင်းအတွက်န ထာဝရဘုရားစာ အယင်ကပင် ရွီးကောက်ထားသူရို့ကို ကိုယ့်သားတော်ပိုင် ဖြစ်စီဖို့ ဆိုပြီးကေ ဆုံးဖြတ်ရို့လည်း ထားလီရေ။ 30ယင်းအတွက်န ထာဝရဘုရားစာ ကိုယ်ဆုံးဖြတ်ထားသူရို့ကို ခေါ်လည်း ခေါ်လီရေ။ ခေါ်လီသူရို့ကို သူစာ သူတော်ကောင်းအဖြစ်လည်း လက်ခံလီရေ အရာ သူတော်ကောင်းအဖြစ် လက်ခံလီသူရို့ကို ကိုယ့်ဘုန်းတန်ခိုးကိုလည်း ပီးလီရေ။

ထာဝရဘုရား၏ ချစ်ခြင်းမေတ္တာ

31ယင်းပိုင်ဆိုကေ ထိုအကြောင်းအရာတိနပတ်သပ်ရို့ ငါရို့ ဇာ ပြောဖို့လည်း? ငါရို့ဖက်က ထာဝရဘုရား ဟိရေဆိုကေ အသူ ငါရို့ကို ဆန့်ကျင်နိုင်ဖို့လည်း? 32ထာဝရဘုရားစာ ကိုယ့်သားတော်အရင်းကို တိုင်အောင်ပင် မတာလီ။ ယင်းထက်ပင် သူစာ ကိုယ့်သားတော်ကို ငါရို့အတွက် သီခြင်းတရားအလက်မာ တင်အပ်လိုက်လီရေ။ ယင်းပိုင်ဆိုကေ သားတော်နအတူ ဟိသမျ အားကုံးကိုလည်း ငါရို့ကို ပီးဖို့ မဟုတ်လော? 33ထာဝရဘုရား ရွီးကောက်ယူသူရို့ကို အသူ စစ်စွဲဖို့လည်း? တစ်ယောက်လည်း မစစ်စွဲ၊ အကြောင်းကား ထာဝရဘုရား ကိုယ်တိုင် သူရို့ကို သူတော်ကောင်းအဖြစ် လက်ခံဗျာ။ 34သူရို့ကို အသူ အပြစ်တင်ဖို့လည်း? အသီခံရို့ သီရာက ပြန်ရှင်ထမြောင့်လီစာ ခရစ်တော်ယေရှုစာ ဒေဂု ထာဝရဘုရား၏ ညာဖက်က ထိုင်ရို့ ဟိရေ အရာ သူစာ ငါရို့အတွက် ထာဝရဘုရားဘားမာ တောင်းဆိုနီရေ။

35ယင်းအတွက်န ခရစ်တော်၏ ချစ်ခြင်းမေတ္တာက ငါရို့ကို ကွဲကွာအောင် လုပ်နိုင်ဖို့စာ ဇာ ဟိရေလည်း? ဝေဒနာလော? စိတ်ဆိုးခြင်းလော? ညှဉ်းဆဲခြင်းလော? ငတ်မွတ်ခြင်းလော? ဆင်းရဲနွမ်းပါးခြင်းလော? ဘေးအန္တရာယ်လော? အရာ သီခြင်းတရားလော? 36(ကျမ်းစာမာ ရွီးရို့ ဟိရေ၊ “ကိုယ်တော်၏ အကြောင်းန အကျွန်ရို့ နိတိုင်း သီခြင်းန တွိကြုံနီကတ်ပါရေ။ လူရို့စာ အကျွန်ရို့ကို အလှီးခံဖို့စာ သိုးဆိတ်တိပိုင် မှတ်ကတ်ပါရေ)။” 37ကွဲကွာစီနိုင်လတ်အောင် တစ်ခုလည်း မဟိ၊ အကြောင်းကား ဒေပိုင် ခက်ခဲစာ အချိန်မာလည်း ငါရို့စာ ခရစ်တော်ကနီရို့ အပြည့်အစုံ အောင်မြင်ခြင်းကို ရနီကတ်တေ။ သူစာ ငါရို့ကို ချစ်လီရေ။

38ငါ ဒေ အကြောင်းနပတ်သပ်ရို့ စိတ်ချရေ။ တစ်ခုအကြောင်းအရာလည်း ငါရို့ကို ထာဝရဘုရား၏ ချစ်ခြင်းမေတ္တာက ကွဲကွာအောင် လုပ်နိုင်မည် မဟုတ်။ သီခြင်းတရား ဖြစ်စီ၊ ဘဝ ဖြစ်စီ၊ ဂေါင်းခင်နတ်သား ဖြစ်စီ၊ မာရ်နတ်၏ နတ်သား ဖြစ်စီ၊ ဒေဂု တွိကြုံနီရစာ အခြေအနေ ဖြစ်စီ၊ နောက်အနာဂါတ်မာ တွိကြုံရဖို့စာ အခြေအနေ ဖြစ်စီ၊ ဇာ တန်ခိုးပင် ဖြစ်စီ၊ 39ဂေါင်းခင်ထက်မာဟိစာ ဇာမဆို ဖြစ်စီ၊ ကမ္ဘာမြေကြီးအောက်မာဟိစာ ဇာမဆို ဖြစ်စီ၊ မဟုတ်ကေ ဟိသမျ ဖန်ဆင်းခြင်းကို ခံရစာအထဲမာ တစ်ခုအကြောင်းအရာလည်း ထာဝရဘုရား၏ ချစ်ခြင်းမေတ္တာက ငါရို့ကို ကွဲကွာအောင် လုပ်နိုင်မည် မဟုတ်။ ဒေ ချစ်ခြင်းမေတ္တာကို ထာဝရဘုရားစာ ငါရို့မာ အသျှင်ခရစ်တော်ယေရှုကနီရို့ ဖေါ်ပြလီရေ။
Copyright information for RmzSC