Titus 3

အသက်ရှင်ဖို့အတွက် ကောင်းမြတ်စာနည်းလမ်း

1တိုင်းပြည်အုပ်ချုပ်သူရို့န အစိုးရအာဏာပိုင်သူရို့ အုပ်ချုပ်ခြင်းကို ခံယူကတ်ဖို့အတွက်၊ သူရို့ စကားကို လိုက်နာကတ်ဖို့အတွက် အရာ ကောင်းမြတ်စာ အလုပ်တိကို လုပ်ဖို့ အဆင်သင့် နီကတ်ဖို့အတွက်လည်း နင် ကျုံသူရို့ကို ပြောပြလီ။ 2ကျုံသူရို့စာ တစ်ယောက်ကိုလည်း ပုတ်ခတ်ရို့ စကား မပြောဘိုင်းန သသင့်တတင် နီထိုင်ကတ်ပတ်စီအတွက်၊ ယဉ်ကျေးမှု ဟိကတ်ပတ်စီအတွက် အရာ အားကုံးသူန နုညံ့ခြင်းစိတ်ကို ထားရို့ ဆက်ဆံကတ်ပတ်စီအတွက် နင် သူရို့ကို ပြောပြလီ။

3အယင်ခါ ငါရို့လည်း ပညာတုံးန မနာခံသူ ဟိကတ်လီရေ။ ငါရို့စာ အမှားလမ်းမာ လားရို့ ဟိကတ်လီရေ အရာ ငါရို့စာ ကိုယ်ရို့အလိုအတိုင်း အမျိုးမျိုး ကာမဂုဏ်န မကောင်းစာ ပျော်ပါးခြင်းကို လိုက်စားစာ ကျွန်ဖြစ်ရို့ ဟိကတ်လီရေ။ ငါရို့စာ အခြားလူရို့ကို မနာလိုစိတ် ထားကတ်လီရေ အရာ အခြားတစ်ယောက်ကို မကောင်းလုပ်ဖို့စိတ် ထားကတ်လီရေ။ အခြားလူရို့စာ ငါရို့ကို မုန်းကတ်လီရေ၊ ငါရို့လည်း တစ်ယောက်ကို တစ်ယောက် မုန်းကတ်လီရေ။ 4ယေကေလည်း ငါရို့မာ ကယ်တင်သျှင် ထာဝရဘုရား၏ ကျေးဇူးတော်န ချစ်ခြင်းမေတ္တာကို လူရို့ဘားမာ ဖေါ်ပြလီရေ အရာ သူစာ ငါရို့ကို ကယ်တင်လီရေ။ 5ငါရို့မာ ကောင်းမြတ်စာ အလုပ်တိအတွက်န ထာဝရဘုရား ငါရို့ကို ကယ်တင်လီစာ မဟုတ်။ ကိုယ့်ကျေးဇူးတော် အကြောင်းန ထာဝရဘုရား ငါရို့ကို ကယ်တင်လီစာ ဖြစ်တေ။ ထာဝရဘုရားစာ ငါရို့ကို ဒေပိုင် ကယ်တင်လီရေ။ သူစာ သန့်ရှင်းသောဝိညာဉ်တော်ကနီရို့ ငါရို့ကို ဒုတိယ မွီးဖွားခြင်းကို ပီးလီရေ အရာ ငါရို့ကို ဘဝအသစ် ပီးရို့ ငါရို့ စိတ်နှလုံးကို စင်ကြယ်အောင် လုပ်လီရေ။ 6သူစာ ထိုသန့်ရှင်းသောဝိညာဉ်တော်ကို ငါရို့မာ ကယ်တင်သျှင် ယေရှုခရစ်တော်ကနီရို့ ငါရို့ကို အပြည့်အစုံ ပီးလီရေ။ 7ထာဝရဘုရားစာ ကိုယ့်သနားကြင်နာခြင်း အကြောင်းန ငါရို့ကို သူတော်ကောင်းအဖြစ် လက်ခံလီရေ။ ယင်းအတွက်န ငါရို့စာ ထာဝရအသက်ကို ရနိုင်ကတ်တေ။ ထိုထာဝရအသက်ကို ရဖို့အတွက် ငါရို့ မျှော်လင်းရို့ နီကတ်တေ။ 8ထိုစကားတိစာ မှန်ကန်စာ စကား ဖြစ်တေ။ ကျုံသူရို့ ဒေ အကြောင်းတိကို အလှပ နားလည်ကတ်ပတ်စီအတွက် ငါ နင့်ကို ဟောပြောစီချင်ရေ။ ယင်းပိုင်ဆိုကေ ထာဝရဘုရားကို ကျုံသူရို့စာ ကောင်းမြတ်စာ အလုပ်ကို လုပ်ဖို့အတွက် ကိုယ်ရို့ဘဝကို အသုံးပြုဖို့စာကို စိတ်ဝင်စားကတ်လိမည်။ ဒေ သွန်သင်ချက်တိစာ ကောင်းရေ အရာ ဟိသမျ လူရို့အတွက် အကျိုးပီးရေ။

9ယေကေလည်း တန်ဖိုးမဟိစာ ငြင်းခုံခြင်း၊ အမျိုးအနွယ်နာမည် စာရင်း အရာ မောရှေ၏ ပညှတ်တရား အကြောင်းနပတ်သပ်ရို့ အငြင်းအခုံ လုပ်ခြင်းကို နင် ရှောင်ရို့ နီလီ။ ထိုအကြောင်းတိစာ လူကို အကျိုးလည်း မပီး အရာ တန်ဖိုးလည်း မဟိ။ 10မှားယွင်းစာ အကြောင်းတိကို သွန်သင်ပီးရို့ အသင်းခွဲဖို့လိုသူကို အနည်းဆုံး နှစ်ခေါက် သတိပီးလီ။ ယေကေလည်း ယင်းသူ နားမထောင်ဆိုကေ နင် ယင်းသူန အရာတစ်ခါလည်း မပေါင်းဖေါ်လီကေ့။ 11ယင်းပိုင်ဇတ် လူမာ စိတ်စာ မှန်ကန်ခြင်းတရားကို စွန့်ဘိုက်လိုက်ပျာဆိုစာကို နင် သိရေ။ အရာ ယင်းသူမာ အလုပ်တိစာ ယင်းသူ မှားယွင်းစာလမ်းမာ လားရေဆိုစာကို သက်သီပြရေ။

အဆုံးသတ်ချက် စကားတိ

12အာတေမကို မဟုတ်ကေ တုခိတ်ကို ငါ နင့်တို့ ရွှတ်လိုက်ဖို့။ သူရို့ နှစ်ယောက်မာ တစ်ယောက် ရောက်တေခါ နင် နိကောပလိမြို့တို့ လာဖို့အတွက် မဖြစ်ဖြစ်အောင် ကြိုးစားလီ။ ငါ နိကောပလိမြို့မာ ဆောင်းရာသီပွဲအောင် နီဖို့ ဟို့ ဆုံးဖြတ်ရို့ ဟိရေ။ 13ရှေ့နေ ဇေနံနအတူ အာပေါလုလည်း ခရီးထွက်ဖို့။ သူရို့ လမ်းခရီးအတွက်မာ လိုအပ်စာ ဝတ်ထုတ်ဝန်ဆန်တိ အပြည့်အစုံ ရကတ်ပတ်စီအတွက် နင် သူရို့ကို နိုင်အားသလှောက်ကို အကူညီပီးလီ။ 14ငါရို့မာ လူရို့စာ ကောင်းမြတ်စာ အလုပ်တိကို လုပ်ရို့ နီကတ်ရဖို့။ ယင်းပိုင်ဆိုကေ သူရို့စာ ဆင်းရဲသူရို့ကို ကူညီဖို့ ရကတ်လိမည် အရာ သူရို့စာ အသုံးမဝင်သူ ဖြစ်ကတ်လိမည် မဟုတ်။

15ငါ့အဖက်သားရို့ နင့်ကို နှုတ်ဆက်ကတ်တေ။ ခရစ်တော်ကို ကျုံရေအတွက်န ငါရို့ကို ချစ်ခြင်းမေတ္တာ ထားကတ်သူရို့ကို နင် နှုတ်ဆက်လီ။

ထာဝရဘုရား၏ ကျေးဇူးတော် နင်ရို့ အားကုံးသူနအတူ ဟိပါစီ။
Copyright information for RmzSC