John 20:11-23

11ယေကေလည်း မာဂဒလမြို့သမ မာရိစာ သင်္ချိုင်းဂူခေါင်းနားမာ ရပ်ပြီးကေ ငိုရို့ နီလီရေ အရာ သူစာ ငိုရို့အတိုင်း သင်္ချိုင်းဂူခေါင်းထဲတို့ ငုံ့ရို့ ကြည့်လီရေ။ 12ယင်းခါ သူစာ အဝတ်အဖြူဝတ်ရို့ ဂေါင်းခင်နတ်သားနှစ်ပါး ထိုင်ရို့ ဟိစာကို မြင်လီရေ။ ယင်းဂေါင်းခင်နတ်သားရို့စာ အသျှင်ယေရှု အကောင်တော်ကို တင်ထားစာနေရာမာ ဂေါင်းရင်းက တစ်ပါး အရာ အခြီရင်းက တစ်ပါး ထိုင်ရို့ ဟိကတ်လီရေ။ 13သူရို့စာ မာရိကို ပြောကတ်လီရေ၊ “နမှ၊ နင် ဇာဖို့ ငိုနီစာလည်း?” ယင်းခါ မာရိစာ သူရို့ကို ပြောလီရေ၊ “အကျွန့် အသျှင်၏ အကောင်တော်ကို လူရို့ ယူလားခကတ်ပါဗျာ။ သူ့ကို ဇာမာ ထားရေလည်းဆိုစာကို အကျွန် မသိပါ။” 14မာရိစာ ထိုစကားကို ပြောရို့ နောက်တို့ လှည့်ကြည့်ရေခါ အသျှင်ယေရှု ရပ်ရို့ ဟိစာကို မြင်လီရေ၊ ယေကေလည်း သူစာ ယေရှုကို အမှတ်မကျလီ။

15ယေရှုစာ မာရိကို ပြောလီရေ၊ “နမှ၊ နင် ဇာဖို့ ငိုနီစာလည်း? အရာ နင် အသူ့ကို ရှာနီစာလည်း?” ယင်းခါ မာရိစာ ယေရှုကို ဥယျာဉ်ကို သုတ်သင်သူ ထင်ရို့ ပြောလီရေ၊ “အမောင်၊ ကိုယ်ဘင် အသျှင်၏ အကောင်တော်ကို အမှန် ယူလားခရေဆိုကေ ဇာမာ ထားရေလည်းဆိုစာကို အကျွန့်ကို ပြောပါ။ အကျွန် သူ့ကို ယူလားပါဖို့။”

16ယေရှုစာ သူ့ကို၊ “မာရိ” ဟို့ ခေါ်လီရေ။ ယင်းခါ မာရိစာ ယေရှုဖက်တို့ လှည့်ရို့ ဟေဗြဲဘာသာစကားန၊ “ရဗ္ဗုနိ” ဟို့ ထူးလီရေ။ (ရဗ္ဗုနိ အဓိပ္ပါယ်ကား ဆရာ ဖြစ်တေ)။

17ယေရှုစာ မာရိကို ပြောလီရေ၊ “နင် ငါ့ကို တည်းရို့ မထားကေ့။ ငါ ဒေဂုလည်း အဖတို့ မလားသိ၊ ယေကေလည်း နင် ငါ့ ညီအစ်ကိုမောင်နမှရို့တို့ လားလီ အရာ သူရို့ကို ပြောခီ၊ ‘ငါစာ ငါ့အဖန ငါ့ထာဝရဘုရားတို့ လားဖို့ဗျာ။ သူစာ နင်ရို့ အဖလည်း ဖြစ်တေ အရာ နင်ရို့ ထာဝရဘုရားလည်း ဖြစ်တေ။’” 18ယင်းခါ မာဂဒလမြို့သမ မာရိစာ အသျှင်ယေရှုကို မြင်ခစာန အသျှင်ယေရှု မှာခစာစကားတိကို တပည့်ရို့တို့ လားရို့ ပြောပြလီရေ။

ကိုယ့်တပည့်ရို့ဘားမာ ယေရှု အမြင်ခံခြင်း

(မဿဲ ၂၈:၁၆-၂၀မာကု ၁၆:၁၄-၁၈လုကာ ၂၄:၃၆-၄၉)

19ယင်းနိစာ တလင်္ဂနွီနိ ဖြစ်တေ။ ယင်းနိ ညဇာဖက် နီဝင်ဖို့လုတ်မာ တပည့်ရို့ အားကုံးသူ အိမ်တစ်အိမ်မာ တစ်စုတည်း စုကတ်လီရေ။ သူရို့စာ ယုဒဂေါင်းဆောင်ရို့ကို ကြောက်တေအတွက်န အိမ်မာ လမ်းခဝတိကို ပိတ်ရို့ ထားကတ်လီရေ။ ယင်းအချိန်ခါ ယေရှုစာ ဗြုန်းခနိုင်း ကြွလာပြီးကေ တပည့်ရို့ အလယ်မာ ရပ်ရို့ ပြောလီရေ၊ “နင်ရို့မာ ငြိမ်းချမ်းခြင်း ဟိစီ။” 20ယေရှုစာ ယင်းစကားကို ပြောပြီးရေနောက် တပည့်ရို့ကို ကိုယ့်အလက် နှစ်ဖက်န ကိုယ့်နံဘေးကို ပြလီရေ။ ယင်းခါ တပည့်ရို့စာ အသျှင်ကို မြင်ရရေအတွက်န ကောင်းကောင်း ပျော်ကတ်လီရေ။

21ယင်းနောက် ယေရှုစာ အရာတစ်ခေါက် တပည့်ရို့ကို ပြောလီရေ၊ “နင်ရို့မာ ငြိမ်းချမ်းခြင်း ဟိစီ။ အဖ ငါ့ကို ရွှတ်လိုက်တေပိုင် နင်ရို့ကိုလည်း ငါ ရွှတ်တေ။” 22ထိုစကားကို ပြောပြီးရေနောက် ယေရှုစာ တပည့်ရို့အထက်က ဖူးခနိုင်းမှုတ်ရို့ ပြောလီရေ၊ “နင်ရို့ သန့်ရှင်းသောဝိညာဉ်တော်ကို လက်ခံယူကတ်။ 23နင်ရို့ အခြားတစ်ယောက်ကို ခွင့်ရွှတ်တေဆိုကေ သူစာ ခွင့်ရွှတ်ခြင်းကို ရလိမည်။ နင်ရို့ အခြားတစ်ယောက်ကို ခွင့်မရွှတ်ဆိုကေ သူစာ ခွင့်ရွှတ်ခြင်းကို ရလိမည် မဟုတ်။”
Copyright information for RmzSC