Luke 19:11-27

ကျွန်ဆယ်ယောက် ပုံဥပမာ

(မဿဲ ၂၅:၁၄-၃၀)

11ယင်းခါ ယေရှု ဟိလီစာ နေရာစာ ယေရုရှလင်မြို့န မနီးမဝီး ဟိလီရေ။ သူ့စကားကို နားထောင်ရို့ နီလီကတ်သူရို့စာ ထာဝရဘုရား၏ နိုင်ငံတော် အယင်အမြန် ပေါ်ထွန်းဖို့ဗျာ ဟို့ မှတ်ကတ်လီရေ။ ယင်းအတွက်န ယေရှုစာ သူရို့ကို သွန်သင်ပီးဖို့အတွက် ဒေပိုင် ပုံဥပမာတစ်ခု တင်ပြလီရေ၊ 12“မင်းသားတစ်ယောက်စာ မင်းအရာကို ခံယူရို့ ပြန်လာဖို့အတွက် အဝီးမာဟိစာ ပြည်တစ်ပြည်တို့ ခရီးထွက်လားခလီရေ။ 13သူစာ အခြားပြည်တို့ ခရီးမထွက်ခင်အယင်က ကိုယ့်မာ ကျွန်ဆယ်ယောက်ကို ခေါ်လီရေ အရာ သူရို့ အားကုံးသူကို ငွေသားတန်းကား အချပ်တစ်ရာစီ ပီးရို့ မှာဘိုက်ခလီရေ၊ ‘ငါ ပြန်မလာသကြား ဒေ တန်းကားန စီးပွါးရေး လုပ်လီကတ်။’

14“ယေကေလည်း သူ့ပြည်သားရို့စာ သူ့ကို မုန်းကတ်လီရေ။ ယင်းအတွက်န သူရို့စာ သူ့နောက်က လူရွှတ်ရို့ သတင်းပို့လိုက်လီရေ၊ ‘ဒေလူ အုပ်ချုပ်ဖို့စာကို ငါရို့ မလို။’ 15ယေကေလည်း သူစာ မင်းအရာကို ခံယူရို့ ပြန်လာလီရေ အရာ ငွေသားတန်းကား ပီးဘိုက်ခစာ ကျွန်ဆယ်ယောက်ကို ခေါ်ယူခဖို့အတွက် အာဏာချလီရေ။ အရာ သူစာ စီးပွါးရေး လုပ်ရို့ အသူ ဇာလှောက် အမြတ် ရလီရေလည်းဆိုစာကို မီးကြည့်လီရေ။

16“ပထမ ကျွန်တစ်ယောက်စာ လာရို့ ပြောလီရေ၊ ‘အသျှင်မင်းကြီး၊ အကျွန် ကိုယ်တော်၏ တန်းကားန စီးပွါးရေး လုပ်ရို့ အကျွန့်မာ ဆယ်ဆ အမြတ် ရလီပါရေ။’ 17မင်းစာ သူ့ကို ပြောလီရေ၊ ‘အေး ကောင်းရေ! ကောင်းရေ! နင် ကျွန်ကောင်းတစ်ယောက် ဖြစ်တေ။ နင် တာဝန်အနည်းသျှေကို သစ္စာန ထန်းဆောင်ရေအတွက်န ငါ နင့်ကို မြို့ဆယ်မြို့ကို အုပ်ချုပ်ဖို့အတွက် တာဝန် ပီးရေ။’

18“ဒုတိယ ကျွန်စာ လာရို့ ပြောလီရေ၊ ‘အသျှင်မင်းကြီး၊ အကျွန် ကိုယ်တော်၏ တန်းကားန စီးပွါးရေး လုပ်ရို့ အကျွန့်မာ ငါးဆ အမြတ် ရလီပါရေ။’ 19သူစာ ထိုကျွန်ကို ပြောလီရေ၊ ‘နင်လည်းသောက် မြို့ငါးမြို့ကို အုပ်ချုပ်ဖို့အတွက် တာဝန် ရမည်။’

20“ယင်းနောက် တတိယ ကျွန်စာ လာရို့ ပြောလီရေ၊ ‘အသျှင်မင်းကြီး၊ အကျွန် ကိုယ်တော်၏ တန်းကားကို ပဝါပိုင်းမာ ထုပ်ရို့ ထားလီပါရေ။ 21ကိုယ်တော်စာ ကြမ်းတမ်းသူတစ်ယောက် ဖြစ်တေအတွက်န အကျွန် ကိုယ်တော်ကို ကြောက်လီပါရေ၊ အကြောင်းကား ကိုယ်တော် ကိုယ်စုဆောင်းရို့ မထားစာ ဥစ္စာကို သိမ်းယူပါရေ အရာ မစိုက်ပျိုးစာ အသီးအနှံကို ရိတ်သိမ်းပါရေ။’

22“ယင်းခါ မင်းစာ ပြောလီရေ၊ ‘အဝေး ကျွန်ယုတ်! နင့်စကားန ငါ နင့်ကို တရားစစ်ဆေးဖို့။ ငါ ကြမ်းတမ်းသူတစ်ယောက် ဖြစ်တေအတွက်န ကိုယ်စုဆောင်းရို့ မထားစာ ဥစ္စာကို သိမ်းယူရေ အရာ မစိုက်ပျိုးစာ အသီးအနှံကို ရိတ်သိမ်းရေဆိုစာကို နင်ကား သိရေ! 23ယင်းပိုင်ဆိုကေ နင် ငါ့တန်းကားကို ဇာဖို့ ဘဏ်မာ ထည့်ရို့ မထားလီစာလည်း? ထားလီဖို့ဆိုကေ ငါ ပြန်လာရေခါ တန်းကားအရင်းနအတူ အစီးလည်းသောက် တစ်ဖဲ့ ရလီဖို့။’

24“မင်းစာ ကိုယ့်အနားမာ ရပ်ရို့ ဟိလီသူရို့ကို ပြောလီရေ၊ ‘ဒေသူက ငွေသားတန်းကား အချပ်တစ်ရာကို ယူရို့ ငွေသားတန်းကား အချပ်တစ်ထောင် ဟိသူကို ပီးလိုက်ကတ်။’ 25ယင်းခါ လူရို့စာ မင်းကို ပြောကတ်လီရေ၊ ‘အသျှင်မင်းကြီး၊ ယင်းသူမာကား ငွေသားတန်းကား အချပ်တစ်ထောင် ဟိပါရေ။’

26“မင်းစာ ပြောလီရေ၊ ‘ငါ နင်ရို့ကို ပြောရေ၊ လလုံလောက် ဟိသူကို အရာလည်း ပိုရို့ သွန်ပီးဖို့သိ၊ ယေကေလည်း တစ်ခုလည်း မဟိသူက သူ့မာ ဟိစာတိကိုပင် လုယူဖို့သိ။ 27ယေကေလည်း ငါ့ ရန်သူရို့ကို ခေါ်ယူခရို့ ငါ့ရှိက အသီသတ်ဘိုက်လိုက်၊ အကြောင်းကား သူရို့စာ ငါ့ အုပ်ချုပ်ခြင်းကို ခံယူဖို့ မလိုလီကတ်။’”
Copyright information for RmzSC