Luke 20:20-26

ဖန်ဒါပီးဖို့စာ အကြောင်း

(မဿဲ ၂၂:၁၅-၂၂မာကု ၁၂:၁၃-၁၇)

20ယင်းခါ ကျမ်းဆရာရို့န ယဇ်ပုရောဟိတ်အကြီးရို့စာ ယေရှုကို မျက်စိ ချထားဖို့အတွက် သူ့နောက်က လူသျှို ရွှတ်လိုက်ကတ်လီရေ။ အရာ ယေရှု ပြောစာစကားတိမာ အမှားပါရေဆိုကေ ယေရှုကို ဖမ်းရို့ အုပ်ချုပ်သူကြီးအလက်မာ တင်အပ်ဖို့ ရလတ်အောင် ထိုလူသျှိုရို့စာ လူကောင်းပိုင် ဟန်ဆောင်ကတ်လီရေ။ 21ယင်းအတွက်န သူရို့စာ ယေရှုကို ပြောကတ်လီရေ၊ “ဆရာ၊ ကိုယ်ဘင် စကားန ကိုယ်ဘင် သွန်သင်ချက်တိ မှန်ရေဆိုစာကို အကျွန်ရို့ သိပါရေ။ ကိုယ်ဘင် အားကုံးသူကို တရားမျှတခြင်း ထားပါရေ အရာ မှန်ကန်ခြင်းနည်းန ထာဝရဘုရား၏ တရားလမ်းစဉ် အကြောင်းကို သွန်သင်ပီးနီရေဆိုစာကိုလည်း အကျွန်ရို့ သိပါရေ။ 22ကောင်းရေ၊ မောရှေ၏ ပညှတ်တရားအတိုင်း ရောမဧကရာဇ်မင်းကို ဖန်ဒါပီးဖို့ သင့်ပါရေလော?”

23ယေရှုစာ သူရို့ အလိမ်ကို သိရို့ ပြောလီရေ၊ 24“ငါ့ကို ငွေသားတန်းကား တစ်ချပ် ပြခလိုက်။ ဒေ တန်းကားမာ အသူ့ရုပ်ပုံန အသူ့နာမည် ဟိရေလည်း?”

သူရို့စာ ပြောကတ်လီရေ၊ “ရောမဧကရာဇ်မင်း ရုပ်ပုံန ရောမဧကရာဇ်မင်း နာမည် ဟိပါရေ။”

25ယင်းခါ ယေရှုစာ သူရို့ကို ပြောလီရေ၊ “ယင်းပိုင်ဆိုကေ ရောမဧကရာဇ်မင်းန ဆိုင်စာကို ရောမဧကရာဇ်မင်းကို ပီးကတ် အရာ ထာဝရဘုရားန ဆိုင်စာကို ထာဝရဘုရားကို ပီးကတ်။”

26ထိုလူသျှိုရို့စာ လူရို့ ရှိက ယေရှု ပြောလီစာ စကားတိမာ အမှား ရှာရို့ မရကတ်လီ။ ယင်းထက်ပင် သူရို့စာ ယေရှု၏ အဖြေကို ကြားရို့ အံ့ဩပြီးကေ တိန်းလားခကတ်လီရေ။
Copyright information for RmzSC