Luke 7:18-23

ယောဟန် တပည့်ရို့ ယေရှုန အတွိခံခြင်း

(မဿဲ ၁၁:၂-၆)

18ရီနှစ်မင်္ဂလာပီးသူ ယောဟန်မာ တပည့်ရို့စာ ထို ဟိသမျ အကြောင်းအရာကို ယောဟန်ဘားမာ ပြောပြကတ်လီရေ။ 19ယင်းခါ ယောဟန်စာ ကိုယ့်တပည့်နှစ်ယောက်ကို ယေရှုတို့ ဒေပိုင် မီးကြည့်ဖို့ ရွှတ်လိုက်လီရေ၊ “ကိုယ်တော် ကြွလာဖို့ စကားဟိစာ ခရစ်တော်ပါလော? မဟုတ်ကေ အခြားတစ်ပါးအတွက် အကျွန်ရို့ စောင့်နီရပါဖို့သိလော?”

20ယင်းခါ သူရို့စာ ယေရှုတို့ လာရို့ ပြောကတ်လီရေ၊ “ရီနှစ်မင်္ဂလာပီးသူ ယောဟန် အကျွန်ရို့ကို ကိုယ်တော်တို့ မီးကြည့်ဖို့ ရွှတ်လိုက်ပါရေ၊ ‘ကိုယ်တော် ကြွလာဖို့ စကားဟိစာ ခရစ်တော်ပါလော? မဟုတ်ကေ အခြားတစ်ပါးအတွက် အကျွန်ရို့ စောင့်နီရပါဖို့သိလော?’”

21ယင်းခါ ယေရှုစာ ရောဂါစွဲနီသူရို့န ကောင်းကောင်း ဝေဒနာ ခံရနီသူ အများကြီးကို အကောင်း လုပ်လီရေ၊ နတ်ဆိုးကိုင်သူရို့ကို အကောင်း လုပ်လီရေ အရာ မျက်ကန်း အများကြီးကိုလည်း မျက်စိ မြင်အောင် လုပ်လီရေ။ 22ထို ဟိသမျ အားကုံးကို လုပ်ပြီးရေခါ ယေရှုစာ ယောဟန် တပည့်ရို့ကို အဖြေပီးလီရေ၊ “နင်ရို့ ကြားရစာတိန မြင်ရစာတိကို ယောဟန်တို့ လားရို့ ပြောပြခီကတ်။ မျက်စိကန်းသူရို့ မြင်ရကတ်ပျာ၊ အခြီသောင်သူရို့ လားနိုင်ကတ်ပျာ၊ အနူရောဂါသေရို့ သန့်စင်ကတ်ပျာ၊ နားပင်းသူရို့ ကြားရကတ်ပျာ၊ သီသူရို့ ပြန်ရှင်ကတ်ပျာ အရာ ဆင်းရဲသားရို့ သတင်းကောင်းကို ကြားရကတ်ပျာ။ 23မယုံသင်္ခါစိတ် မဟိဘိုင်းန ငါ့ကို လက်ခံသူစာ မင်္ဂလာ ဟိရေ။”
Copyright information for RmzSC