Luke 9:1-6

တမန်တော်ရို့ကို တရားဟောဖို့ ရွှတ်ခြင်း

(မဿဲ ၁၀:၅-၁၅မာကု ၆:၇-၂၉)

1ယင်းနောက် ယေရှုစာ ထိုတပည့်တစ်ဆယ့်နှစ်ယောက်ကို ခေါ်ရို့ စုလီရေ အရာ ဟိသမျ နတ်ဆိုးတိကို နှင်ထုတ်ဖို့စာ တန်ခိုးန အခွင့်အာဏာကို ပီးလီရေ။ အရာ သူစာ ရောဂါ ကောင်းအောင် လုပ်ဖို့စာ တန်ခိုးကိုလည်း သူရို့ကို ပီးလီရေ။ 2ယင်းနောက် သူစာ ထာဝရဘုရား၏ နိုင်ငံတော် အကြောင်းကို ဟောပြောဖို့အတွက်န ရောဂါသေရို့ကို ကောင်းအောင် လုပ်ဖို့အတွက် သူရို့ကို ရွှတ်လိုက်လီရေ။ 3သူစာ တပည့်ရို့ကို ပြောလီရေ၊ “နင်ရို့ လားရေလမ်းမာ အသုံးပြုဖို့အတွက် တောင်မိ၊ ရွယ်အိပ်၊ စားစရာ၊ မဟုတ်ကေ တန်းကား တစ်ပြားလည်း မယူလီကတ်ကေ့၊ ယင်းထက်မက အင်္ကျီလည်းသောက် တစ်လုံးထက် နှစ်လုံး မယူလီကတ်ကေ့။ 4နင်ရို့ အသူ့အိမ်မာမဆို တည်းရေဆိုကေ ထို ရွာက ထွက်မလားသကြား ယင်းအိမ်မာ နီလီကတ်။ 5နင်ရို့ကို လူရို့ လက်မခံကတ်ဆိုကေ သူရို့ ရွာက ထွက်လားကတ်တေခါ သူရို့ကို သတိပီးစာ အမှတ်တရအဖြစ် နင်ရို့ အခြီက ကျုပ်မုန့်ကို ခါချဘိုက်ခကတ်။” 6ယင်းခါ တပည့်ရို့စာ ရွာတိုင်း ရွာတိုင်း လည်ရို့ ထာဝရဘုရား၏ နိုင်ငံတော် သတင်းကောင်းကို ဟောပြောကတ်လီရေ အရာ ရောဂါကောင်းအောင် လုပ်ကတ်လီရေ။
Copyright information for RmzSC