Luke 9:37-43

နတ်ဆိုးကိုင်စာ ယောက်ျားသျှေ အကောင်းဖြစ်ခြင်း

(မဿဲ ၁၇:၁၄-၂၁မာကု ၉:၁၄-၂၉)

37နောက်တစ်ရက်နိ ယေရှုန တပည့်သုံးယောက်စာ တောင်ထက်က ဆင်းလာကတ်လီရေ။ ယင်းခါ လူအများကြီး ယေရှုန အတွိခံဖို့ လာကတ်လီရေ။ 38ယင်းခါ လူကျိုင်ထဲက လူတစ်ယောက်စာ အားန အော်ရို့ ယေရှုကို ပြောလီရေ၊ “ဆရာ၊ ကျေးဇူးပြုရို့ အကျွန့် သားကို တစ်ခေါက် ကြည့်ပါ။ သူစာ အကျွန့်မာ တစ်ယောက်တည်း သား ဖြစ်ပါရေ။ 39သူ့ကို နတ်ဆိုးတစ်ကောင် ကိုင်ထားပါရေ အရာ သူစာ ဗြုန်းခနိုင်းပျင်ရို့စီ အော်ပါရေ။ နတ်ဆိုးစာ သူ့ကို တုန်တက်အောင် လုပ်တေခါ သူ့ပစက အမြှုပ်ထွက်ပါရေ။ ယင်းနောက် နတ်ဆိုးစာ သူ့ကို အနာရအောင် ညှဉ်းဆဲရို့ ပြီးရေခါ ထွက်လားခပါရေ။ နတ်ဆိုးစာ သူ့ကို အမြဲတိုင်း ယင်းပိုင် ညှဉ်းဆဲရို့ထားလီပါရေ။ 40နတ်ဆိုးကို နှင်ထုတ်ဖို့အတွက် အကျွန် ကိုယ်ဘင်မာ တပည့်ရို့ကို တောင်းပန်လီပါရေ၊ ယေကေလည်း သူရို့ နှင်ထုတ်ဖို့ မနိုင်လီကတ်ပါ။” 41ယင်းခါ ယေရှုစာ ပြောလီရေ၊ “အိုး မကျုံသူရို့န လမ်းမှားသူရို့! ငါ နင်ရို့နအတူ ဇာမျှရက် နီဖို့သိလည်း? အရာ နင်ရို့ကို ဇာမျှရက် သည်းခံရို့ နီဖို့သိလည်း? နင့် သားကို ငါ့တို့ ယူခ။” 42ထိုသူစာ ယေရှုတို့ လာရေခါ နတ်ဆိုးစာ သူ့ကို မြေပြင်မာ လှဲချလိုက်ရို့ ပပြန်းတုန်တက်အောင် လုပ်လီရေ။ ယေကေလည်း ယေရှုစာ ထိုနတ်ဆိုးကို ဟောက်လီရေ အရာ ထိုသူကို ကောင်းအောင် လုပ်ရို့ သူ့အဖတို့ ပြန်ပီးလိုက်လီရေ။ 43ယင်းခါ ဟိသမျ လူရို့စာ ထာဝရဘုရား၏ မဟာတန်ခိုးကို မြင်ရို့ အံ့ဩကတ်လီရေ။

ကိုယ်သီဖို့စာ အကြောင်းကို ဒုတိယခေါက် ပြောပြခြင်း

(မဿဲ ၁၇:၂၂-၂၃မာကု ၉:၃၀-၃၂)

ယေရှု လုပ်လီစာ အကြောင်းအရာကို မြင်ရို့ အားကုံးသူ အံ့ဩရို့ စဉ်းစားနီကတ်တေခါ သူစာ ကိုယ့်တပည့်ရို့ကို ပြောလီရေ၊
Copyright information for RmzSC