Mark 10:35-45

ညီအစ်ကိုနှစ်ယောက် တောင်းဆိုချက်

(မဿဲ ၂၀:၂၀-၂၈)

35ယင်းနောက် ဇေဗေဒဲသား ယာကုပ်န ယောဟန်စာ ယေရှုတို့ လားရို့ ပြောကတ်လီရေ၊ “ဆရာ၊ အကျွန်ရို့ တောင်းဆိုချက်အတိုင်း ကိုယ်ဘင် လုပ်ပီးဖို့စာကို အကျွန်ရို့ လိုချင်ပါရေ။” 36ယေရှုစာ သူရို့ကို မီးလီရေ၊ “နင်ရို့ ဇာ လိုစာလည်း ပြောကတ်၊ နင်ရို့အတွက် ငါ ဇာ လုပ်ရဖို့လည်း?” 37သူရို့စာ ပြောကတ်လီရေ၊ “ကိုယ်ဘင် ဘုန်းတန်ခိုးန နိုင်ငံတော်ကို အုပ်ချုပ်တေခါ အကျွန်ရို့ နှစ်ယောက်ကို ကိုယ်ဘင် ညာဖက်က တစ်ယောက် အရာ ဘယ်ဖက်က တစ်ယောက် ထိုင်ဖို့အခွင့် ပီးပါ။” 38ယေရှုစာ သူရို့ကို ပြောလီရေ၊ “နင်ရို့ ဇာကို တောင်းကတ်တေလည်းဆိုစာကို မသိကတ်။ ငါ ခံရဖို့စာ ဒုက္ခ-ဝေဒနာကို နင်ရို့ ခံနိုင်ကတ်ဖို့လော? အရာ ငါ ခံယူဖို့စာ ရီနှစ်မင်္ဂလာကို နင်ရို့ ခံယူနိုင်ကတ်ဖို့လော?” 39သူရို့စာ အဖြေပီးကတ်လီရေ၊ “ခံနိုင်ပါရေ။” ယင်းခါ ယေရှုစာ သူရို့ကို ပြောလီရေ၊ “နင်ရို့ အမှန် ငါ ခံရဖို့စာ ဒုက္ခ-ဝေဒနာကို ခံရကတ်လိမည် အရာ ငါ ခံယူဖို့စာ ရီနှစ်မင်္ဂလာကိုလည်း နင်ရို့ ခံယူကတ်လိမည်။ 40ယေကေလည်း ငါ့ညာဖက်န ငါ့ဘယ်ဖက်က ထိုင်ဖို့ ပီးဖို့စာ အခွင့်အာဏာ ငါ့မာ မဟိ။ ထိုနေရာစာ ထာဝရဘုရား အယင်ကပင် အဆင်သင့် လုပ်ထားသူရို့အတွက်ရာ ဖြစ်တေ။”

41ထိုစကားတိကို ကြားရို့ အခြားတပည့်ဆယ်ယောက်စာ ယာကုပ်န ယောဟန်ကို မန်ပါကတ်လီရေ။ 42ယင်းခါ ယေရှုစာ တပည့် အားကုံးသူကို ခေါ်ရို့ ပြောလီရေ၊ “ယုဒမဟုတ်သူရို့မာ အုပ်ချုပ်သူရို့စာ တန်ခိုးအာဏာန သူရို့ကို အုပ်ချုပ်ကတ်တေဆိုစာကို နင်ရို့ သိကတ်တေ၊ အရာ သူရို့မာ ဂေါင်းဆောင်ရို့စာ သူရို့ကို အာဏာချကတ်တေဆိုစာကိုလည်း နင်ရို့ သိကတ်တေ။ 43ယေကေလည်း နင်ရို့အထဲမာ ယင်းပိုင် ဖြစ်ဖို့ မသင့်။ ယင်းထက်ပင် နင်ရို့အထဲမာ အကြီးဖြစ်ချင်သူစာ နင်ရို့ကို ပြုဇုသူ ဖြစ်ရဖို့၊ 44အရာ နင်ရို့အထဲမာ အကြီးမြတ်ဆုံးဖြစ်ချင်သူစာ အားကုံးသူဘားမာ ကျွန်ခံရဖို့။ 45မှတ်ထားကတ်၊ မနုသသားတော်စာ ပြုဇုခြင်းကို ခံရဖို့အတွက် ကြွလာစာ မဟုတ်၊ ယေကေလည်း ပြုဇုဖို့အတွက် ကြွလာစာ ဖြစ်တေ အရာ ကိုယ့်အသက်ကို စွန့်ရို့ လူအများကြီးကို ကယ်ဆယ်ဖို့အတွက် ကြွလာစာ ဖြစ်တေ။”
Copyright information for RmzSC