Mark 14:69-72

69ထိုကျွန်မသျှေစာ ပေတရုကို မြင်ရို့ သူ့အနားမာ ရပ်ရို့ ဟိလီသူရို့ကို ပြောလီရေ၊ “ဒေ အမောင် ထိုလူရို့အဖွဲ့သား တစ်ယောက် ဖြစ်ပါရေ။” 70ပေတရုစာ အရာတစ်ပြန် ငြင်းလီရေ။ တစ်နားနီရေခါ သူ့အနားမာ ရပ်ရို့ ဟိလီသူရို့လည်း ပြောကတ်လီရေ၊ “နင် အမှန် ထိုလူရို့အထဲက တစ်ယောက်ရာ၊ အကြောင်းကား နင်လည်းသောက် ဂါလိလဲပြည်နယ်သားရာ။”

71ယင်းခါ ပေတရုစာ အကျိန်ကိုင်ရို့ ပြောလီရေ၊ “ငါ မုတ်သားစကား ပြောရေဆိုကေ ထာဝရဘုရား ငါ့ကို ကျိန်ဆဲထည့်ပါစီ။ ငါ ယင်းသူကို မသိ။” 72အရာ ချက်ချင်း ဒုတိယခေါက် ကြက်တွန်လီရေ။ ယင်းအယင်က ယေရှုစာ ပြောလီရေ၊ “ကြက်နှစ်ချိန် မတွန်ခင်အယင်က နင် ငါ့ကို မသိ ဟို့ သုံးခေါက်တိုင်အောင် ငြင်းလိမည်။” ယင်းခါ ပေတရုစာ ယေရှု ပြောလီစာ စကားကို တွက်ရရို့ ငိုလီရေ။
Copyright information for RmzSC