Mark 15:21-32

ယေရှုကို ကားတိုင်မာ တင်ခြင်း

(မဿဲ ၂၇:၃၂-၃၄လုကာ ၂၃:၂၆-၄၃ယောဟန် ၁၉:၁၇-၂၇)

21ယင်းအချိန်ခါ ရှိမုန်နာမည်န ကုရေနေမြို့သားတစ်ယောက် ရွာဖက်ကနီရို့ ယင်းလမ်းအနှူး လာလီရေ။ သူစာ အာလေဇန္ဒြုန ရုဖုမာ အဖ ဖြစ်တေ။ စစ်သားရို့စာ အားဒမ သူ့ကို ယေရှု၏ ကားတိုင်ကို ရွက်ယူလားဖို့ ခိုင်းကတ်လီရေ။ 22သူရို့စာ ယေရှုကို “ဂေါလဂေါသ” ဟို့ ခေါ်စာ နေရာတစ်ခုတို့ ယူလားခကတ်လီရေ။ (ဂေါလဂေါသ အဓိပ္ပါယ်ကား အဂေါင်းခွန်နေရာ ဟို့ ခေါ်ရေ)။ 23ယင်းနောက် သူရို့စာ ရီမွှီးဆီန ရောထားစာ ပုံးရည်ကို ယေရှုကို သောက်ဖို့ ပီးကတ်လီရေ၊ ယေကေလည်း ယေရှုစာ ထိုအရည်ကို မသောက်လီ။ 24ယင်းနောက် စစ်သားရို့စာ ယေရှုကို ကားတိုင်မာ တင်ကတ်လီရေ။ အရာ သူရို့စာ ယေရှု အဝတ်အစားတိကို မဲဖေါက်ရို့ ဝီကတ်လီရေ။

25သူရို့စာ ယေရှုကို မိုးသောက် ကိုးနာရီအချိန်မာ ကားတိုင်မာ တင်ကတ်လီရေ။ 26သူရို့စာ ကားတိုင်မာ ယေရှု၏ အပြစ်ဖေါ်ပြချက် ကမ္ဗည်းစာတစ်ခု ကပ်လီရေ။ ယင်းကမ္ဗည်းစာမာ၊ “ဒေသူ ယုဒလူမျိုးရို့မာ မင်း” ဟို့ ရွီးရို့ ဟိလီရေ။ 27သူရို့စာ ယင်းနိခါ ဒါးမြနှစ်ယောက်ကိုလည်း ယေရှုနအတူ ကားတိုင်မာ တင်ကတ်လီရေ။ သူရို့နှစ်ယောက်မာ တစ်ယောက်ကို ယေရှု ညာဖက်က အရာ အခြားတစ်ယောက်ကို ယေရှု ဘယ်ဖက်က တင်ကတ်လီရေ။ 28
ပထမဆုံး ရွီးလီစာ ဂရိဘာသာ ကျမ်းစာအဟောင်းတိမာ ဒေ အခန့်ငယ် ၂၈-မာ စကားတိ ရွီးရို့ မဟိပါ။
ယင်းအတွက်န၊ “သူစာ လူဆိုးရို့နအတူ ရွီရာမာ ပါလီရေ” ဟို့ ကျမ်းစာမာ ရွီးရို့ဟိစာ စကား ပြည့်စုံလာလီရေ။

29ယင်းလမ်းက လားသူရို့စာ ယေရှုကို သရော်ရို့ ပြောကတ်လီရေ၊ “အဝေး၊ နင် ဝိပဿနာကျောင်းကို ဖြိုရို့ သုံးရက်အထဲတွင်းမာ ပြန်ရို့ ဆောက်ဖို့နိုင်ရေ ဆိုကား! 30နင် ဒေဂု ကိုယ့်ကိုကိုယ် ကယ်ဆယ်ရို့ ကားတိုင်က ဆင်းလာလတ်!”

31ယဇ်ပုရောဟိတ်အကြီးရို့န ကျမ်းဆရာရို့လည်း ကိုယ်ရို့အချင်းချင်း ယေရှုကို သရော်ရို့ ပြောကတ်လီရေ၊ “ယင်းသူကား အခြားလူရို့ကို ကယ်ဆယ်နိုင်ရေ၊ ယေကေလည်း ကိုယ့်ကိုကိုယ် ကယ်ဆယ်ဖို့ မနိုင်! 32ထိုကားထည် ခရစ်တော်၊ ဣသရေလလူမျိုးရို့မာ မင်း! ယင်းသူ ကားတိုင်က ဆင်းလာပတ်စီ! ယင်းပိုင်ဆိုကေ ငါရို့ သူ့ကို မြင်ရို့ ကျုံကတ်ဖို့။” ယေရှုနအတူ ကားတိုင်မာ အတင်ခံလီစာ ဒါးမြနှစ်ယောက်လည်း သူ့ကို ရယ်သွန်းပြုကတ်လီရေ။
Copyright information for RmzSC