Mark 8:1-10

လူလေးထောင်ကို ကျွေးခြင်း

(မဿဲ ၁၅:၃၂-၃၉)

1တစ်ရက်နိ အရာတစ်ပြန် လူအများကြီး လာရို့ စုကတ်လီရေ။ သူရို့မာ စားစရာ တစ်ခုလည်း မဟိကတ်လီ။ ယင်းအတွက်န ယေရှုစာ ကိုယ့်တပည့်ရို့ကို ခေါ်ရို့ ပြောလီရေ၊ 2“ဒေ လူရို့ ငါနအတူ ပါကတ်စာ သုံးရက် ဟိကတ်ပျာ အရာ သူရို့မာ စားစရာ တစ်ခုလည်း မဟိဗျာ။ ယင်းအတွက်န ငါ သူရို့ကို ကောင်းကောင်း သနားဖို့ စိတ်ရောက်တေ။ 3ငါ ဒေ လူရို့ကို စားစရာ တစ်ခုလည်း မပီးဘိုင်းန အိမ်တို့ ပြန်ရွှတ်လိုက်တေဆိုကေ သူရို့စာ လမ်းတစ်ပိုင်းမာ အဝမ်းဆာရို့ မောနိုင်စရာ ဟိရေ၊ အကြောင်းကား သူရို့အထဲမာ အဝီးက လာကတ်စာ လူအများကြီး ဟိကတ်တေ။” 4ယင်းခါ တပည့်ရို့စာ ပြောကတ်လီရေ၊ “ဒေ တတိန်းဆဆိတ်နေရာမာ ဒေလှောက် လူကို ကျွေးဖို့အတွက် အကျွန်ရို့ ပေါင်မုန့် ဇာက ရပါဖို့စာလည်း?” 5ယေရှုစာ သူရို့ကို မီးလီရေ၊ “နင်ရို့မာ ပေါင်မုန့် ဇာမျှသျှက် ဟိရေလည်း?” သူရို့စာ ပြောကတ်လီရေ၊ “ခုနစ်သျှက် ဟိပါရေ။”

6သူစာ လူရို့ကို မြေပြင်မာ ထိုင်ဖို့ ခိုင်းလီရေ။ ယင်းနောက် သူစာ ထိုပေါင်မုန့် ခုနစ်သျှက်ကို ယူရို့ ထာဝရဘုရားကို ကျေးဇူးတင်လီရေ။ ယင်းနောက် သူစာ ပေါင်မုန့်တိကို ဖဲ့ရို့ တပည့်ရို့အလက်မာ အပ်လီရေ အရာ တပည့်ရို့စာ လူရို့ကို ဝီပီးကတ်လီရေ။ 7တပည့်ရို့မာ ငါးသျှေလည်းသောက် သုံးလေးကောင် ဟိလီရေ။ ထိုငါးသျှေတိအတွက်လည်း ယေရှုစာ ကျေးဇူးတင်လီရေ အရာ ထိုငါးသျှေတိကို လူရို့ကို ဝီရို့ ပီးဖို့အတွက် တပည့်ရို့အလက်မာ အပ်လီရေ။ 8ယင်းခါ လူရို့ ဝအောင် စားပြီးရေခါ တပည့်ရို့စာ ကျရို့ဟိစာ အပဲ့အခြမ်းတိကို ကောက်ကတ်လီရေ။ ယင်းခါ ခုနစ်တောင်းအပြည့် ရကတ်လီရေ။ 9ယင်းနေရာမာ ယောက်ျား သက်သက် လေးထောင်လှောက် ဟိကတ်လီရေ။ ယင်းနောက် သူစာ လူရို့ကို အိမ်တို့ ပြန်ရွှတ်လိုက်လီရေ၊ 10အရာ သူစာ တပည့်ရို့နအတူ လောင်းတစ်စင်းမာ တက်ရို့ ဒါလမနုသအရပ်တို့ ကြွလီရေ။
Copyright information for RmzSC