Matthew 14:13-21

လူငါးထောင်ကို ကျွေးခြင်း

(မာကု ၆:၃၀-၄၄လုကာ ၉:၁၀-၁၇ယောဟန် ၆:၁-၁၅)

13ယောဟန် သီစာအကြောင်းကို ကြားရေခါ ယေရှုစာ နူးချင်းတည်း လောင်းတစ်စင်းမာ တက်ရို့ တတိန်းဆဆိတ်နေရာ တစ်ခုတို့ ကြွလီရေ။ အရာ အမျိုးမျိုး မြို့ရွာတိက လူရို့စာ ယင်းအကြောင်းကို ကြားရေခါ တောင်လမ်းကနီရို့ ယေရှု လားစာနေရာတို့ လိုက်ကတ်လီရေ။ 14ယေရှုစာ လောင်းက ဆင်းရေခါ လူပရိတ်သတ် အများကြီးကို မြင်ရို့ သနားလီရေ။ ယေရှုစာ သူရို့အထဲမာ မကျန်းမာသူရို့ကို ကျန်းမာအောင် လုပ်လီရေ။ 15နီဝင်လာရေခါ တပည့်ရို့စာ သူ့တို့ လာရို့ ပြောကတ်လီရေ၊ “အသျှင်၊ ဒေ နေရာစာ တတိန်းဆဆိတ်နေရာ ဖြစ်ပါရေ အရာ နီလည်း ဝင်လာပါဗျာ။ ဒေ လူရို့ ရွာတိတို့ လားရို့ ကိုယ်ရို့အတွက် အစားဝယ်ဖို့ ရလတ်အောင် သူရို့ကို ရွှတ်လိုက်ပါဖိ။” 16ယေကေလည်း ယေရှုစာ သူရို့ကို ပြောလီရေ၊ “ဒေလူရို့ လားဖို့ အလိုမဟိ၊ နင်ရို့ ကိုယ်တိုင် သူရို့ကို တစ်ခုမသာ စားဖို့ ပီးလိုက်ကတ်။” 17ယင်းခါ တပည့်ရို့စာ သူ့ကို ပြောကတ်လီရေ၊ “အကျွန်ရို့ဘားမာ ပေါင်မုန့် ငါးသျှက်န ငါးနှစ်ကောင်တောက်ရာ ဟိပါရေ။” 18 19ယေရှုစာ သူရို့ကို ပြောလီရေ၊ “ယင်းသျှင့်တိကို ငါ့တို့ ယူခ။” ယင်းနောက် သူစာ လူရို့ကို မြက်တောမာ ထိုင်ဖို့ ခိုင်းလီရေ၊ အရာ ပေါင်မုန့် ငါးသျှက်န ငါးနှစ်ကောင်ကို ယူရို့ ဂေါင်းခင်ဘုံတို့ မော်ကြည့်ပြီးကေ ထာဝရဘုရားကို ကျေးဇူးတင်လီရေ။ ယင်းနောက် သူစာ ပေါင်မုန့်တိကို ဖဲ့ရို့ တပည့်ရို့အလက်မာ အပ်လီရေ အရာ တပည့်ရို့စာ လူရို့ကို ဝီပီးကတ်လီရေ။ ယင်းခါ ဟိသမျ လူရို့စာ ဝအောင် စားကတ်လီရေ။ 20လူရို့ အားကုံးသူ ဝအောင် စားပြီးရေခါ တပည့်ရို့စာ ကျရို့ဟိစာ အပဲ့အခြမ်းတိကို ကောက်ကတ်လီရေ။ ယင်းခါ တစ်ဆယ့်နှစ်တောင်း ဖြစ်လီရေ။ 21ထိုစားကတ်သူရို့အထဲမာ မိန်းမရို့န အသျှေရို့ကို ပယ်ရို့ ယောက်ျား သက်သက် ငါးထောင်လှောက် ဟိလီရေ။
Copyright information for RmzSC