Matthew 18:6-9

အပြစ်လမ်းတို့ ဆောင်ယူလားခြင်း

(မာကု ၉:၄၂-၄၈လုကာ ၁၇:၁-၂)

6“ယေကေလည်း အသူမဆို ငါ့ကို ကျုံကတ်စာ အသျှေရို့အထဲက တစ်ယောက်ကို အပြစ်လမ်းတို့ ဆောင်ယူလားရေဆိုကေ ယင်းသူ လိုင်ဖင်းမာ ကျောက်လုံးကြီးတစ်လုံးကို ဆွဲရို့ ပင်လယ်ထဲတို့ ဘိုက်ချခြင်းကို ခံရစာပင် သူ့အတွက် ပိုရို့ ကောင်းဖို့သိ။ 7အိုး လောက၊ နင့်အတွက် အမင်္ဂလာဟိရေ! အကြောင်းကား လူရို့ကို အပြစ်လမ်းတို့ ဆောင်ယူလားစရာ နင့်အထဲမာ အမျိုးမျိုး ဆိုးယုတ်ခြင်း ဟိရေ။ အမှန် ဒေ လောကမာ လူရို့ကို အပြစ်လမ်းတို့ ဆောင်ယူလားစရာ ဆိုးယုတ်ခြင်းတိ ဟိဖို့၊ ယေကေလည်း အခြားတစ်ယောက်ကို အပြစ်လမ်းတို့ ဆောင်ယူလားသူစာ အမင်္ဂလာဟိရေ။

8“နင့်အလက် မဟုတ်ကေ နင့်အခြီစာ နင့်ကို အပြစ်လမ်းတို့ ဆောင်ယူလားရေဆိုကေ ယင်းသျှင့်ကို ပိုင်းရို့ ဝဲဘိုက်လိုက်။ အလက်နှစ်ဖက်န အခြီနှစ်ဖက်ကို ယူရို့ ထာဝရမီးအိုင်မာ ကျရဖို့စာထက် အခြီပိုင်း-အလက်ပိုင်း ဖြစ်ရို့ အသက်ရှင်ခြင်းကို ခံရဖို့စာပင် နင့်အတွက် ပိုရို့ ကောင်းဖို့သိ။ 9အရာ နင့် မျက်စိစာ နင့်ကို အပြစ်လမ်းတို့ ဆောင်ယူလားရေဆိုကေ ယင်းမျက်စိကို ထွတ်ရို့ ဝဲဘိုက်လိုက်။ မျက်စိနှစ်လုံးန ငရဲမီးအိုင်မာ ကျရဖို့စာထက် မျက်ကန်း ဖြစ်ရို့ အသက်ရှင်ခြင်းကို ခံရဖို့စာပင် နင့်အတွက် ပိုရို့ ကောင်းဖို့သိ။
Copyright information for RmzSC