Matthew 21:33-46

စပျစ်ခင်းအပိုင်သျှင်န ဘက်ကာစားယူသူရို့ ပုံဥပမာ

(မာကု ၁၂:၁-၁၂လုကာ ၂၀:၉-၁၉)

33“အရာတစ်ခု ပုံဥပမာ တင်ပြမည် နားထောင်ကတ်။ အိမ်သျှင်တစ်ယောက်စာ စပျစ်ခင်းတစ်ခင်း စိုက်ရို့ လေးဖက်လက်စိမာ ခြံဒါရန်လီရေ။ ယင်းနောက် သူစာ စပျစ်ရည် ညှိုက်ဖို့အတွက် တွင်းတစ်တွင်း တူးလီရေ အရာ စောင့်ဖို့အတွက် တဲတစ်ဆောင်အမြင့် ဆောက်လီရေ။ ယင်းနောက် သူစာ စပျစ်ခင်းကို လယ်သမား လိုင်းကေယောက်ဘားမာ ဘက်ကာစား အပ်ဘိုက်ခရို့ အခြားပြည်တို့ လားခလီရေ။ 34အရာ သူစာ စပျစ်သီး မှည့်ဖို့အချိန်ကျရေခါ စပျစ်သီး အဝီယူဖို့အတွက် ကိုယ့်ကျွန်ရို့ကို လယ်သမားရို့တို့ ရွှတ်လိုက်လီရေ။ 35ယေကေလည်း လယ်သမားရို့စာ သူ့ကျွန်ရို့အထဲက တစ်ယောက်ကို ဖမ်းရို့ ဘုတ်ကတ်လီရေ၊ တစ်ယောက်ကို အသီသတ်ဘိုက်ကတ်လီရေ အရာ နောက်ဆုံး တစ်ယောက်ကို ကျောက်လုံး ဘိုက်ကတ်လီရေ။ 36ယင်းနောက် သူစာ ပထမခေါက်ထက် အရာလည်း ပိုရို့ ကျွန်ရို့ကို ရွှတ်လိုက်လီရေ၊ ယေကေလည်း လယ်သမားရို့စာ ယင်းကျွန်ရို့ကိုလည်း အယင်ပိုင်တထန် လုပ်ကတ်လီရေ။ 37စပျစ်ခင်းအပိုင်သျှင်စာ နောက်ဆုံးပြီးမာ ကိုယ့်သားကို သူရို့တို့ ရွှတ်လိုက်လီရေ၊ အကြောင်းကား သူစာ မှတ်လီရေ၊ ‘သူရို့ အမှန် ငါ့သားကို ရိုသေကတ်လိမည်။’ 38ယေကေလည်း ယင်းလယ်သမားရို့စာ စပျစ်ခင်းအပိုင်သျှင်မာ သားကို မြင်ရို့ ကိုယ်ရို့အချင်းချင်း ပြောကတ်လီရေ၊ ‘တစ်ရက်နိ ဒေသူ အမွီဥစ္စာတိကို ပိုင်ဆိုင်လာဖို့။ ယင်းအတွက်န လား၊ ငါရို့ သူ့ကို အသီသတ်ဘိုက်လိုက်ကတ်မည်။ ယင်းပိုင်ဆိုကေ ယင်းသူ အဖမာဟိစာ အမွီဥစ္စာတိကို ငါရို့ ရကတ်ဖို့။’ 39ယင်းနောက် သူရို့စာ စပျစ်ခင်းအပိုင်သျှင် သားကို ဖမ်းရို့ စပျစ်ခင်းပြင်တို့ ထုတ်ယူလားပြီးကေ အသီသတ်ကတ်လီရေ။ 40ယင်းပိုင်ဆိုကေ စပျစ်ခင်းအပိုင်သျှင် ကိုယ်တိုင် စပျစ်ခင်းတို့ လာရေခါ ထိုလယ်သမားရို့ကို ဇာလုပ်ဖို့လည်း ပြောကြည့်န?” 41ထိုဘာသာရေး ဂေါင်းဆောင်ရို့စာ အဖြေပီးကတ်လီရေ၊ “သူစာ လူဆိုးရို့ကို တစ်ခါတည်းန အသီဘိုက်လိုက်ဖို့ အရာ ယင်းစပျစ်ခင်းကို အချိန်တိုင်း စပျစ်သီး အဝီပီးဖို့စာ လယ်သမားရို့ဘားမာ ဘက်ကာစား အပ်ဘိုက်ခဖို့။”

42ယင်းခါ ယေရှုစာ သူရို့ကို ပြောလီရေ၊ “ကိုယ်ဘင်ရို့ ကျမ်းစာမာ တစ်ခါလည်း မဖတ်ဖူးကတ်လော? ကျမ်းစာမာ ရွီးရို့ ဟိရေ၊
‘လက်သမားရို့ ပယ်ဘိုက်လိုက်စာ ကျောက်လုံးစာ
ဒေါင့်ကတည်စာ အခြေခံကျောက်လုံး ဖြစ်လာရေ။
အသျှင်စာ ဒေ အလုပ်ကို လုပ်လီရေ၊
ဒေ အလုပ်စာ ငါရို့ မျက်စိမာ ကောင်းကောင်း အံ့ဩသဖွယ် ဖြစ်တေ။’

43“ယင်းအတွက်န ငါ ကိုယ်ဘင်ရို့ကို ပြောရေ၊ ထာဝရဘုရား၏ နိုင်ငံတော်ကို ကိုယ်ဘင်ရို့က လုယူလိမည် အရာ ယင်း နိုင်ငံတော်န ထိုက်တန်စာ အကျင့်သီလ ဟိသူရို့ကို ပီးလိမည်။ 44အသူမဆို ထိုကျောက်လုံးထက်မာ ကျရေဆိုကေ ယင်းသူစာ အစိတ်အညှင်း ဖြစ်လားလိမည် အရာ ထိုကျောက်လုံးစာ အသူ့ဘားမာမဆို ကျရေဆိုကေ ယင်းသူလည်းသောက် တထွတ်ကြီလားလိမည်။”

45ယဇ်ပုရောဟိတ်အကြီးရို့န ဖာရိရှဲအဖွဲ့သားရို့စာ ယေရှု ပုံဥပမာန သွန်သင်ပီးစာတိကို ကြားကတ်တေခါ ကိုယ်ရို့ အကြောင်းကို ပြောရေဆိုစာကို နားလည်ကတ်လီရေ။ 46ယင်းအတွက်န သူရို့စာ ယေရှုကို ဖမ်းဖို့ ကြည့်ကတ်လီရေ၊ ယေကေလည်း သူရို့စာ လူရို့ကို ကြောက်ကတ်လီရေ၊ အကြောင်းကား လူရို့စာ ယေရှုကို ဘုရားသတင်းပို့သူတစ်ပါး ဖြစ်တေ ဟို့ သတ်မှတ်လီကတ်တေ။
Copyright information for RmzSC