Matthew 25:14-30

ကျွန်သုံးယောက် ပုံဥပမာ

(လုကာ ၁၉:၁၁-၂၇)

14“ဂေါင်းခင်နိုင်ငံတော်စာ အခြားပြည်တို့ ခရီးထွက်ဖို့စာ လူတစ်ယောက်နတူရေ။ သူစာ အခြားပြည်တို့ ခရီးမထွက်ခင်အယင်က ကိုယ့်မာ ဟိသမျ အမွီ-ဥစ္စာတိကို ကြည့်ရှုစောင့်သျှောက်ဖို့အတွက် ကိုယ့်ကျွန်ရို့ကို ခေါ်ရို့ တာဝန် အပ်ဘိုက်ခလီရေ။ 15ထိုလူစာ ကျွန် အားကုံးသူကို ကိုယ့်တန်ရာနကို တန်းကား တစ်ယောက်ကို ငါးထောင်၊ တစ်ယောက်ကို နှစ်ထောင် အရာ တစ်ယောက်ကို တစ်ထောင် ပီးဘိုက်ခလီရေ။ 16တန်းကားငါးထောင် ရလိုက်သူစာ ယင်းတန်းကားန စီးပွါးရေး လုပ်ရို့ အရာလည်း ငါးထောင် အမြတ်ရလီရေ။ 17အရာ တန်းကားနှစ်ထောင် ရလိုက်သူလည်းသောက် ယင်းတန်းကားန စီးပွါးရေး လုပ်ရို့ အရာလည်း တန်းကားနှစ်ထောင် အမြတ်ရလီရေ။ 18ယေကေလည်း တန်းကားတစ်ထောင် ရလိုက်သူစာ မြေပြင်မာ တွင်းတူးရို့ ကိုယ့်အပိုင်သျှင် တန်းကားတိကို မြှုတ်ထားလိုက်လီရေ။

19“ရက်ပေါင်းများစွာ ကြာရေခါ အပိုင်သျှင်စာ ပြန်လာရို့ ကိုယ့်ကျွန်ရို့က စာရင်းရှင်းဖို့ တောင်းလီရေ။ 20တန်းကားငါးထောင် ရလိုက်သူစာ အရာလည်း အမြတ် ငါးထောင် ယူလာရို့ ပြောလီရေ၊ ‘အသျှင်၊ ကိုယ်ဘင် အကျွန့်ကို တန်းကားငါးထောင် ပီးခလီပါရေ။ ကြည့်ပါ၊ အကျွန် ဒေ တန်းကားငါးထောင်န စီးပွါးရေး လုပ်ရို့ အရာလည်း ငါးထောင် အမြတ်ရလီပါရေ။’ 21ယင်းခါ အပိုင်သျှင်စာ သူ့ကို ပြောလီရေ၊ ‘အေး ကောင်းရေ၊ ကောင်းရေ၊ နင် သစ္စာဟိစာ ကျွန်ကောင်းတစ်ယောက် ဖြစ်တေ။ နင် တာဝန်အနည်းသျှေကို သစ္စာန ထန်းဆောင်ရေအတွက်န ငါ နင့်ကို အရာလည်း တာဝန် အများကြီး ပီးဖို့။ လာလတ်၊ ငါနအတူ ချမ်းသာခြင်း စဉ့်စိမ်ကို ခံခလိုက်။’

22“ယင်းနောက် တန်းကားနှစ်ထောင် ရလိုက်သူစာ လာရို့ ပြောလီရေ၊ ‘အသျှင်၊ ကိုယ်ဘင် အကျွန့်ကို တန်းကားနှစ်ထောင် ပီးခလီပါရေ။ ကြည့်ပါ၊ အကျွန် ဒေ တန်းကားနှစ်ထောင်န စီးပွါးရေး လုပ်ရို့ အရာလည်း နှစ်ထောင် အမြတ်ရလီပါရေ။’ 23ယင်းခါ အပိုင်သျှင်စာ သူ့ကို ပြောလီရေ၊ ‘အေး ကောင်းရေ၊ ကောင်းရေ၊ နင်လည်း သစ္စာဟိစာ ကျွန်ကောင်းတစ်ယောက် ဖြစ်တေ။ နင်လည်း တာဝန်အနည်းသျှေကို သစ္စာန ထန်းဆောင်ရေအတွက်န ငါ နင့်ကို အရာလည်း တာဝန် အများကြီး ပီးဖို့။ လာလတ်၊ ငါနအတူ ချမ်းသာခြင်း စဉ့်စိမ်ကို ခံခလိုက်။’

24“ယေကေလည်း တန်းကားတစ်ထောင် ရလိုက်သူစာ လာရို့ ပြောလီရေ၊ ‘အသျှင် ကြည့်ပါ၊ ကိုယ်ဘင် ကြောက်လန့်ဖို့ကောင်းစာ လူတစ်ယောက် ဖြစ်တေဆိုစာကို အကျွန် သိပါရေ။ ကိုယ်ဘင်စာ မပျိုးစာနေရာက ရိတ်သိမ်းပါရေ အရာ မကြဲစာနေရာက ကောက်ယူပါရေ။ 25ယင်းအတွက်န အကျွန် ကိုယ်ဘင်ကို ကြောက်ရို့ ကိုယ်ဘင် တန်းကားကို မြေပြင်မာ တွင်းတူးရို့ မြှုတ်ထားလိုက်လီပါရေ။ ကြည့်ပါ၊ ကိုယ်ဘင် တန်းကား ဒေမာ ဟိပါသိရေ။’ 26အပိုင်သျှင်စာ သူ့ကို ပြောလီရေ၊ ‘အယုတ်-ကျွန်ပျင်း! မပျိုးစာနေရာက ငါ ရိတ်သိမ်းရေ အရာ မကြဲစာနေရာက ကောက်ယူရေဆိုစာကို နင်ကား သိရေ။ 27ယင်းပိုင်ဆိုကေ နင် ငါ့တန်းကားကို ဇာဖို့ ဘဏ်မာ ထည့်ရို့ မထားလီစာလည်း? ထားလီဖို့ဆိုကေ ငါ ပြန်လာရေခါ တန်းကားအရင်းနအတူ အစီးလည်းသောက် တစ်ဖဲ့ ရလီဖို့။’ 28ယင်းနောက် သူစာ အခြားကျွန်ရို့ကို ပြောလီရေ၊ ‘နင်ရို့ ယင်းသူက ထိုတန်းကားတိကို ယူရို့ တန်းကားဆယ်ထောင် ဟိသူကို ပီးလိုက်ကတ်။ 29လလုံလောက် ဟိသူကို အရာလည်း ပိုရို့ သွန်ပီးဖို့သိ၊ ယင်းအတွက်န သူ့မာ အများကြီး ဖြစ်လိမည်။ ယေကေလည်း တစ်ခုလည်း မဟိသူက သူ့မာ ဟိစာတိကိုပင် လုယူဖို့သိ။ 30အသုံးမကျစာ ကျွန်ကို နင်ရို့ ပြင်က အမိုက်မှောင်တို့ ဝဲချလိုက်ကတ်။ ယင်းနေရာမာ လူရို့စာ ဝေဒနာကို ခံရရေအတွက်န သွားချင်းသွား ကြိတ်ပြီးကေ အော်ရို့ ငိုကတ်လိမည်။’
Copyright information for RmzSC