Matthew 4:1-11

ယေရှုကို အပြစ်မာ ချဖို့ ကြိုးစားခြင်း

(မာကု ၁:၁၂-၁၃လုကာ ၄:၁-၁၃)

1ယင်းနောက် မာရ်နတ် ယေရှုကို အပြစ်မာ ချဖို့ ကြိုးစားပတ်စီအတွက် သန့်ရှင်းသောဝိညာဉ်တော်စာ ယေရှုကို သဲကန္တာရတောပြင်တို့ ယူလားခလီရေ။ 2သဲကန္တာရတောပြင်မာ ရက်ပေါင်း လေးဆယ်ပတ်လုံး အစားရှောင်ရို့ ပြီးရေခါ သူစာ အဝမ်းဆာလီရေ။ 3ယင်းခါ မာရ်နတ်စာ လာရို့ သူ့ကို ပြောလီရေ၊ “နင် အမှန် ထာဝရဘုရား၏ သားတော် ဖြစ်တေဆိုကေ ဒေ ကျောက်လုံးတိကို ပေါင်မုန့် ဖြစ်လတ်အောင် အာဏာချလိုက်။” 4ယေကေလည်း ယေရှုစာ အဖြေပီးလီရေ၊ “‘လူစာ သက်သက် ပေါင်မုန့် စားရို့ အသက်မရှင်၊ ယေကေလည်း ထာဝရဘုရား၏ ဟိသမျ စကားတော်နရာ အသက်ရှင်ရေ’ ဟို့ ကျမ်းစာမာ ရွီးရို့ ဟိရေ။”

5ယင်းနောက် မာရ်နတ်စာ ယေရှုကို သန့်ရှင်းစာ ယေရုရှလင်မြို့တို့ ဆောင်ယူလားခလီရေ အရာ သူ့ကို ဝိပဿနာကျောင်းထိပ်ဖျားမာ ရပ်စီလီရေ။ 6အရာ သူစာ ယေရှုကို ပြောလီရေ၊ “နင် အမှန် ထာဝရဘုရား၏ သားတော် ဖြစ်တေဆိုကေ အထက်ကနီရို့ အောက်တို့ ခုံဆင်းပြ၊ အကြောင်းကား၊ ‘နင့်ကို ကာကွယ်ဖို့အတွက် ထာဝရဘုရားစာ ကိုယ့်ဂေါင်းခင်နတ်သားရို့ကို အာဏာချလိမည်၊ အရာ နင့်မာ အခြီ ကျောက်လုံးမာ အက်ကျရို့ အနာမရလတ်အောင် သူရို့စာ နင့်ကို အလက် ခံထားကတ်လိမည်’ ဟို့ ကျမ်းစာမာ ရွီးရို့ ဟိရေ။” 7ယင်းခါ ယေရှုစာ မာရ်နတ်ကို ပြောလီရေ၊ “‘နင် ကိုယ့်အသျှင်ထာဝရဘုရားကို မစုံစမ်းကေ့’ ဟို့လည်း ကျမ်းစာမာ ရွီးရို့ ဟိရေ။”

8အရာတစ်ပြန် မာရ်နတ်စာ ယေရှုကို ကောင်းကောင်း တောင်အမြင့်ကြီး တစ်တောင်တို့ ဆောင်ယူလားခလီရေ အရာ လောကမာ ဟိသမျ တိုင်းနိုင်ငံတိန ပစ္စည်း-ဥစ္စာတိကို ပြရို့ ပြောလီရေ၊ 9“နင် ငါ့ကို ဒူးထောက်ရို့ ရှိခိုးရေဆိုကေ အရာ ငါ့ကို အသျှင် ဖြစ်တေ ဟို့ ဝန်ခံရေဆိုကေ ဒေ ဟိသမျ အားကုံးကို ငါ နင့်ကို ပီးဖို့။” 10ယင်းခါ ယေရှုစာ သူ့ကို ဟောက်ရို့ ပြောလီရေ၊ “အဝေး မာရ်နတ်၊ ဒေဂု ငါ့နိုင်ဗြင်းက ပျောက်လီ! အကြောင်းကား၊ ‘နင် သက်သက် နင့် အသျှင်ထာဝရဘုရားကိုရာ ရှိခိုးရဖို့၊ အရာ သူတစ်ပါးတည်းကိုရာ ဝတ်ပြုကိုးကွယ်ရဖို့’ ဟို့ ကျမ်းစာမာ ရွီးရို့ ဟိရေ။”

11ယင်းခါ မာရ်နတ်စာ ယေရှုကို ထားရို့ လားခလီရေ၊ အရာ ဂေါင်းခင်နတ်သားရို့စာ လာရို့ ယေရှုကို ကျွေးမွေးပြုဇုကတ်လီရေ။
Copyright information for RmzSC